Unicode
''ကျော်ကမှ တကယ်ချစ်တတ်တဲ့သူကွ! ''
''အို.....ဇော်ချစ်တာကိုတော့ မမှီသေးပါဘူးနော် တို့တွေကတော့ ဇော်မှဇော်ပဲ ''
တစ်ဖက်နှင့်တစ်ဖက်ငြင်းခုန်သံများသည် ကန်တင်း၌ နေ့စဥ်ကြားရလေ့ရှိသော ငြင်းခုန်သံများမို့ ဘယ်သူကမှ အထူးအဆန်းမဖြစ်ကြတော့ပေ။
နာမည်ကြီးရုပ်ရှင်ဖြစ်တဲ့ 'ကျော့်ကိုချစ်လား ဇော့်ကိုချစ်မလား'အား ကြည့်ရှုပြီးပြန်လာသည့်သူတိုင်းက 'ကျော်အုပ်စု' နှင့် 'ဇော်အုပ်စု'ဟူ၍ နှစ်ဖက်ကွဲကာ အခုလို နေ့လည်စာထမင်းစားချိန်တွေ ၊ အတန်းချိန်မရှိသည့်အချိန်တွေ၌ တစ်ဖက်နှင့်တစ်ဖက်ငြင်းခုန်တတ်ကြသည်။
ကျောင်းသူများကြား၌တော့ ပို၍ငြင်းခုန်ချင်စရာကောင်းသော ခေါင်းစဥ်တစ်ခုဖြစ်ပေမယ့် တချို့သော အလွမ်းအဆွေးသမားများအတွက်တော့ ရုပ်ရှင်ဇာတ်ကောင်များဖြစ်တဲ့ ကျော်နှင့် ဇော်တို့လောက်တောင် မြတ်နိုးရတဲ့သူဆီက အဖက်လုပ်မခံရဘူးဟူ၍ လွမ်းဖျားလွမ်းနာကျတတ်သည်များလည်းရှိလာတာမို့ ကြားရသူတိုင်းက ရီရခက်ငိုရခက်နှင့်။
မင်းချမ်းမွန်အဖို့ကတော့ ကျောင်းသားများကြား၌ ဘယ်လိုအကြောင်းအရာမျိုးတွေပဲ ရေပန်းစားနေပါစေ ကံ့ကော်သက်လွင်၏ မျက်နှာလေးအားထိုင်ကြည့်ဖို့လောက် စိတ်ဝင်စားဖို့မကောင်းတာမို့ အခုလည်း နေ့လည်စာ နန်းကြီးသုပ်အား အားပါးတရစားနေပါသော ကံ့ကော်သက်လွင်အား ဇီးဖျော်ရည်သောက်နေရင်းနှင့် ထိုင်ကြည့်နေမိသည်။
''မောင် မင်းနန်းကြီးသုပ်တွေ မကုန်ပြန်ဘူးလား ''
သူ့ပန်းကန်ထဲက နန်းကြီးသုပ်ပင်မကုန်သေး မင်းချမ်းမွန်ပန်းကန်ထဲ၌ရှိသော နန်းကြီးသုပ်များအား မျက်စောင်းထိုးလာသော သက်လွင်ကြောင့် မင်းချမ်းမွန်မှာ သဘောတကျပြုံးမိရသည်။
နန်းကြီးသုပ်ဝါးနေသောကြောင့် ပလုပ်ပလောင်းဖြစ်နေသော သက်လွင်၏ ပါးဖောင်းဖောင်းလေးအား အသည်းယားလာသောကြောင့် လက်ညှိုးလေးနှင့် ခပ်ဖွဖွဖိလိုက်ပြီးမှ သူ၏နန်းကြီးသုပ်ပန်းကန်အား သက်လွင်ဘက်သို့ တိုးပေးလိုက်သည်။

أنت تقرأ
ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2
عاطفيةA story about slow romance with sacrifice between Yangon university students in 1970s Start Date - 27 August 2022 End Date - 23 September 2022 Season 2 - A story about marriage couple and possessive side couples which can contain strong mature conte...