S2- 25 (End) Unicode

3.9K 159 17
                                    

ဘမ်း! ဘမ်း! ဘမ်း!

ညသန်းခေါင်းယံနှင့် လင်းကြက်တွန်သံမကြားခင်စပ်ကြား ညဥ့်နှောင်းပိုင်းအချိန်၌ ခြံတံခါးအား တစ်စုံတစ်ရာမှ တဘမ်းဘမ်းနှင့် ထုရိုက်သံကြားတာမို့ အိပ်ရေးမဆက်သည့် ကံ့ကော်သက်လွင်ပင် မျက်လုံးများကို ကပြာကယာဖွင့်လိုက်ရသည်။

မျက်လုံးဖွင့်ဖွင့်ခြင်း အကျင့်ပါနေသည့်လက်က ဘေးတစ်နေရာသို့ စမ်းသပ်ကြည့်သည့်အခါ ပူနွေးနေဆဲ​အိပ်ရာကြောင့် အိပ်မှုန်စုန်မွှားမျက်လုံးများအား ပြူးပြဲကြည့်မိသည့်တော့ အိပ်နေရာမှ ထထိုင်နေပါသော မောင့်အားတွေ့ပါမှ ကံ့ကော်သက်လွင် သက်ပြင်းဖွဖွအားချမိကာဖြင့် အိပ်နေရာမှ ကုန်းရုန်းထလိုက်သည်။

''သက်လွင် နိုးသွားတာလား....''

သူ့လက်ဖဝါးများအား ဆုပ်ကိုင်ထွေးပွေ့လာတဲ့မောင့်ကြောင့် ကံ့ကော်သက်လွင် ခေါင်းအသာညိတ်ပြလိုက်သည်။

''ဟုတ်တယ်မောင်....အသံကြားလို့လန့်နိုးသွားတာ၊ အိမ်ကိုလူကပ်တာလား ဘာလဲမသိဘူး၊ ငါသွားကြည့်လိုက်ဦးမယ် ''

ပြောပြောဆိုဆိုနှင့် စိတ်မြန်လက်မြန်ရှိသော သက်လွင်က သွားကြည့်မယ်ပြင်သောအခါ မောင်ကပါ သူနှင့်အတူ မက်တပ်ထရပ်ကာဖြင့်

''မောင်နဲ့အတူသွားမယ် ''

သက်လွင်ခေါင်းညိတ်ပြလိုက်သည်နှင့် မောင်ကသူ့လက်ကိုဆုပ်ကိုင်ကာ အရှေ့မှနေ၍ အပြင်သို့ထွက်ရန်ပြင်သည်။

သက်လွင်တို့အခန်းအပြင်ကိုရောက်တော့ အိမ်ပေါ်ထပ်မှဆင်းလာသော မေမေနှင့် မသစ္စာကလည်း ခြံရှေ့မှအသံကြောင့် နိုးသွားဟန်ပင်၊ မေမေကတော့ လူကြီးပီပီ တစ်စုံတစ်ရာအားစိုးထိတ်နေဟန်ရှိကာ ဘေးမှမသစ္စာက မေမေအား တွဲကူပေးထားသည်ကိုတွေ့ရသည်။

အခုတလော ရုတ်ရုတ်သဲသဲဖြစ်လာသော နိုင်ငံရေးအခြေအနေကြောင့် ရန်ကုန်မြို့နဲ့ နယ်စပ်မြို့တွေမှာ ဘယ်အချိန်သေနတ်သံကြားရမလဲ စိုးထိတ်နေရပေမယ့် သက်လွင်တို့နေထိုင်ရာ မိုးကုတ်မြို့ပေါ်မှာတော့ အခုထိတိုင် အေးချမ်းနေဆဲဖြစ်ပါသည်။

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Où les histoires vivent. Découvrez maintenant