6.

3.1K 276 15
                                    

Unicode

တအုံးအုံးရွာသွန်းနေသော မိုးစက်မိုးပေါက်ကလေးများကြောင့် ကံ့ကော်သက်လွင် အိပ်ရာမှ ချက်ချင်းမထနိုင်ဘဲ လူးလှိမ့်နေမိသည်။

ခြေထောက်ကဒဏ်ရာကြောင့် ကျောင်းမသွားသည်မှာ ဒီနေ့အပါအဝင်ဆိုရင် ၃ရက်တောင်ရှိနေပြီဆိုပေမယ့် မှုန်မှိုင်းနေသောရာသီဥတုကြောင့် ဒီနေ့လည်း ကျောင်းသို့မသွားသေးရန်ဆုံးဖြတ်ရင်း အိပ်ရာ၌ ဟိုလှိမ့်ဒီလှိမ့်ဖြင့် လောကစည်းစိမ်အား ခံစားနေမိသည်။

အချိန်အနည်းငယ်ကြာအောင်လူးလှိမ့်ပြီးသည့်အခါမှ တစ်ခုခုကိုသတိရသွားဟန်ဖြင့် ကံ့ကော်သက်လွင်မှာ မျက်လုံးလေးများကိုဆက်ခနဲဖွင့်လိုက်ရင်း လှဲနေရင်းနှင့်ပင် အခန်းတစ်ဝိုက်အား မျက်လုံးလေးကစားကာ ဝေ့ဝဲကြည့်ရှုလိုက်သည်။

တစ်ဖက်ကုတင်၌ စာအုပ်ဖတ်နေတတ်သောပုံရိပ်လေးသည်လည်းမရှိသလို မနက်နိုးနိုးချင်းကြားရတတ်တဲ့ အသံချိုမြမြဟာလည်းကင်းမဲ့လို့နေသည်မို့ ကံ့ကော်သက်လွင်စိတ်ထဲ၌ တစ်မျိုးတော့ဖြစ်သွားရသည်။

ထို့နောက် အိပ်ချင်မူးတူးနှင့် အိပ်နေရာမှ ထထိုင်ကာ ပြတင်းပေါက်မှတဆင့် အပြင်ဘက်ကိုကြည့်လိုက်တော့ သည်းကြီးမည်းကြီးရွာသွန်းနေသောမိုးအခြေအနေကြောင့် အချိန်အတိအကျအား မခန့်မှန်းနိုင်အောင်ဖြစ်နေရသည်။

စိတ်ကူးထဲ၌ရှိသောသူက ဒီအချိန်လောက်ဆို
ကျောင်းသွားလောက်ပြီဟူသော အတွေးဖြင့် အပျင်းကျောတစ်ချက်ဆန့်ပြီးနောက် ကိုယ်လက်သန့်စင်ရန်သာ ကြိုးပမ်းရတော့သည်။

သက်သာသလောက်ရှိနေပြီဆိုပေမယ့် ခြေတစ်လှမ်း လှမ်းတိုင်း မျက်ခနဲဖြစ်နေသေးသော ခြေဆစ်ကလေးများကြောင့် ကံ့ကော်သက်လွင်မှာ အားစိုက်၍ပင်မလျှောက်ရဲဘဲ ခပ်ဖွဖွခြေလှမ်းများဖြင့်သာ အောက်ထပ်ရှိ ရေချိုးကန်သို့ အသာလှမ်းခဲ့တော့သည်။

ကိုယ်လက်သန့်စင်ပြီးနောက် ကော်ဖီပူပူလေးတစ်ခွက်သောက်ချင်စိတ်ပြင်းပြလာတာမို့ အခန်းသို့မပြန်သေးဘဲ အဆောင်အောက်ထပ် ထောင့်စွန်းရှိ အဆောင်မှူးအခန်းသို့ ဝင်ကာ ရေနွေးတစ်ခွက်တောင်းယူရန် ဆုံးဖြတ်လိုက်သည်။

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Nơi câu chuyện tồn tại. Hãy khám phá bây giờ