သုံးနှစ်ကြာပြီးနောက်,
မိုးကုတ်မြို့ ဆိတ်ငြိမ်ရပ်ကွက်တစ်ခုရှိ ပေ ၄၀၆၀ရှိသော ခြံဝန်းတစ်ခု၌ နှစ်ထပ်အုတ်ခံပျဉ်ထောင်အိမ်ကလေးအား သေသပ်စွာဆောက်လုပ်ထားသည်။
ခြံတံခါးရှေ့၌ 'ပျိုးပင်များရောင်းသည်' ဟူသော ဆိုင်းဘုတ်လေးအားချိတ်ဆွဲထားပြီး ခြံထဲရှိကျန်နေသောမြေကွက်လပ်လေးများ၌ ပန်းအိုးလေးများသာမက စင်များဖြင့်ပါ သစ်ခွ၊ နှင်းဆီ၊ စံပယ်အိုးပုတ်နှင့် ရှားပါးသောအပင်မျိုးစိတ်များ ၊ မျိုးစပ်အပင်များကိုလည်းလှပစွာစိုက်ပျိုးထားသည်။
ဆောင်းရာသီဖြစ်လင့်ကစား ခြံ၏အရှေ့ထောင့်ယွန်းယွန်းတွင်တော့ နေထိုင်ရာ ဒေသနှင့်လိုက်ဖက်စွာစိုက်ပျိုးထားသော လုံးပတ်အသင့်အတင့်ရှိသည့် ချယ်ရီပင်ပျိုလေးထက်၌ ပန်းသွေးရောင်ချယ်ရီပန်းကလေးများသည် ပင်စည်ဖုံးသည်အထိပင် ဖွေးဖွေးလှုပ်ပွင့်လန်းနေသည်မှာ မြင်ရသူအဖို့ စိတ်ကြည်နူးမှုအတိပြီးစေသည်။
ချယ်ရီပင်ပျိုလေး၏အောက်၌တော့ သိုးမွှေးအနွေးထည် မီးခိုရောင်လေးအားဝတ်ဆင်ထားပြီး ဓာတ်ပုံလေးတစ်ပုံအား ဆွေးဆွေးမြည့်မြည့်ကြည့်နေရှာသော ဝှီးချဲပေါ်၌ထိုင်နေသည့် အမျိုးသားတစ်ယောက်လည်းရှိသည်။
''ချမ်းမွန်.....ဒီလောက်အေးနေတာကိုကွယ် အနွေးထည်ပါးပါးလေးနဲ့ထိုင်နေရသလား ''
အနားကိုရောက်လာသော မသစ္စာက ဆူပူသလိုလေးပြောလာပြီးနောက် တစ်ဆက်တည်း မင်းချမ်းမွန်၏ ကိုယ်ပေါ်သို့ ခပ်ထူထူဂွမ်းစောင်တစ်ထည်အား လွှမ်းခြုံပေးလာသည်။
''ရော့ ကွေကာပူပူလေးသောက်လိုက်ဦးနောက် ''
မသစ္စာကမ်းပေးလာသော အငွေ့တထောင်းထောင်းထနေသည့် ကွေကာအုပ်ခွက်ကလေးအား လက်လှမ်းယူလိုက်ကာ မသစ္စာအား ပြုံးပြလိုက်သည်။
''အပြင်သွားမလို့လား မမ ''
အဖြူရောင်ဆွယ်တာလည်ပိတ်ကလေးအား အနက်ရောင်ဂွမ်းအနွေးထည်ထပ်ဝတ်ထားသော မသစ္စာက တစ်နေရာရာသို့သွားမည့်ပုံပေါ်တာမို့ မင်းချမ်းမွန်ကမေးကြည့်လိုက်ခြင်းပင်။
ŞİMDİ OKUDUĞUN
ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2
RomantizmA story about slow romance with sacrifice between Yangon university students in 1970s Start Date - 27 August 2022 End Date - 23 September 2022 Season 2 - A story about marriage couple and possessive side couples which can contain strong mature conte...