Unicode
'ဒေါက် ဒေါက် '
'ဒေါက် ဒေါက် ဒေါက် '
အဆက်မပြတ်ခေါက်နေသော တံခါးခေါက်သံကြောင့် ကံ့ကော်သက်လွင် အိပ်ချင်မူးတူးဖြင့် နိုးလာရသည်။
'ဒေါက် ဒေါက် ဒေါက်'
'ကျွတ်!! '
တံခါးမဖွင့်ပေးမချင်း ဆက်တိုက်ခေါက်နေဟန်ရှိမှာမို့ ဆက်အိပ်၍မရတော့သောကြောင့် ကျွတ်တစ်ချက်စုတ်သပ်ကာ ဆံပင်များကို ခပ်ကြမ်းကြမ်းဆွဲဖွရင်း အိပ်ရာမှ လူးလွန့်ကာ ထထိုင်လိုက်သည်။
ညတုန်းကမပိတ်မိသော ပြတင်းပေါက်ကတစ်ဆင့် အပြင်ဘက်ကိုကြည့်လိုက်တော့ အလင်းရောင်ပင် သဲသဲကွဲကွဲ မမြင်ရသေးတာမို့ ကံ့ကော်သက်လွင်စိတ်ထဲ၌ ဒေါသထောင်းခနဲပင်ထွက်မိသွားသည်။
ဘယ်လိုလူက လူအိပ်ချိန်ပဲရှိသေးတာကို တံခါးလာခေါက်ရတာလဲဆိုတဲ့စိတ်နှင့် အပြတ်ပြောပစ်မည်ဟု စိတ်ထဲ၌ တေးမှတ်လိုက်ရင်း တံခါးကို ခပ်ကြမ်းကြမ်းပင်ဆွဲဖွင့်လိုက်သည်။
''သက်လွင်.....''
တံခါးဖွင့်ဖွင့်ချင်း တံခါး၏ အပြင်ဘက်၌ သွားတန်းများပေါ်သည်အထိပင် ပြုံးရယ်ပြနေသော လူကြောင့် ကံ့ကော်သက်လွင် မျက်ခုံးတစ်ချက်ပင့်မိသွားသည်။
စောစောစီးစီး တံခါးလာခေါက်သည့်သူသည် တစ်ခြားသူတော့ မဟုတ်၊ သူ့ကို ၃ရက်လောက်စိတ်ဒုက္ခပေးထားသော မင်းချမ်းမွန်ဆိုသည့်သူပင်ဖြစ်သည်။
ခြင်းခတ်ပြိုင်ပွဲပြီးကတည်းက ၃ရက်တိုင်တိုင် ဘာသတင်းမှမကြားရဘဲ ပျောက်သွားသည့်သူကြောင့် ကံ့ကော်သက်လွင်တစ်ယောက် အတွေးများခဲ့ရကာ ညဘက်တွေပင်အိပ်မရဘဲ နေ့နှင့်ညပင် မှားခဲ့ရသည်အထိ။
ကျောင်းများထွက်သွားသလား၊ ဘာအခက်အခဲများဖြစ်နေလို့လဲဆိုပြီး ကံ့ကော်သက်လွင်ကစိတ်ပူခဲ့ရသလောက် မိမိအရှေ့၌ ပြုံးရယ်ပြနေသော လူကတော့ ဘာမှမဖြစ်သည့်အပြင် အကောင်းအတိုင်းပုံစံနှင့်ရှိတာမို့ ကံ့ကော်သက်လွင့် နှုတ်ခမ်းလေးပင် မဲ့မိလိုက်သည်။
ကံ့ကော်သက်လွင်ဟာ အပေါင်းအသင်းတွေကိုဆို သိပ်ကိုစိတ်ပူတတ်ရန်ပါကောလား။
![](https://img.wattpad.com/cover/320445930-288-k915823.jpg)
VOCÊ ESTÁ LENDO
ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2
RomanceA story about slow romance with sacrifice between Yangon university students in 1970s Start Date - 27 August 2022 End Date - 23 September 2022 Season 2 - A story about marriage couple and possessive side couples which can contain strong mature conte...