ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း၏ နို့နှစ်ရောင် ခမ်းနားထည်ဝါသော နှစ်ထပ်တိုက်အိမ်ကြီး၏ရှေ့၌ နန္ဒဒီကာ မတ်တပ်ရပ်နေမိသည်။
အရီးတော်ဆုံးသွားတဲ့ကိစ္စနှင့်ပတ်သတ်ပြီး မယ်မယ်ကြီးကို မျက်နှာချင်းဆိုင်ရင်တောင် ရွံမုန်းမိသည်အထိဖြစ်ရပေမယ့် မယ်မယ်ကြီးစကားနားမထောင်မိရင် သက်လွင်အတွက် စိုးရိမ်ရတာမို့ မချစ်သော်လည်း အောင့်ကာနမ်းကာ မယ်မယ်ကြီး၏ 'သျှင်းသန့်ဦးဆီကိုသွားတွေ့လိုက်ပါဦး'ဟူသော အမိန့်စကားကြောင့် နန္ဒဒီကာ ယခု သျှင်းသန့်ဦးတို့၏အိမ်ရှေ့၌ မတ်တပ်ရပ်နေခြင်းဖြစ်သည်။
သူ့ကိုမြင်တော့ သျှင်းသန့်ဦးတို့အိမ်၏ ခြံစောင့်ဟုထင်ရသော လူတစ်ယောက်က ခြံထဲမှပြေးထွက်လာကာ ကမန်းကတန်းနှင့် ခြံတံခါးလာဖွင့်ပေးသည်။
''မင်းသားငယ်ရောက်နေတာမသိလိုက်လို့နောက်ကျသွားတာပါ ကျွန်တော်မျိုးကို ခွင့်လွှတ်ပါနော် ''
နန္ဒမာလာစံအိမ်တော်၏အရှိန်အဝါသည် ဦးသီဟဦးတို့အိမ်အထိပါ သက်ရောက်သည်ထင်ပါရဲ့ နန္ဒဒီကာကိုမြင်တာနဲ့ မင်းသားငယ်မှန်းတန်းသိတဲ့ အသက်ခပ်ကြီးကြီးခြံစောင့်က ရိုရိုကျိုးကျိုးနှင့် နန္ဒဒီကာအား ဦးညွတ်ဂါရဝပြုလာသည်။
ပုံမှန်လိုသာဆို ထိုခြံစောင့်ကြီးအား အပြုံးတစ်ခု သို့မဟုတ် အပြုအမူတစ်ခုခုနှင့် တုန့်ပြန်မိမှာဆိုပေမယ့် အခုလက်ရှိ စိတ်အခြေအနေနှင့်တော့ ဘယ်သူ့ကိုမှ အဖက်လုပ်ချင်စိတ်မရှိသောကြောင့် နန္ဒဒီကာ ခပ်တည်တည်ပင် အိမ်ထဲသို့ဝင်လာလိုက်သည်။
အိမ်ထဲသို့ဝင်ပြီးနောက် သျှင်းသန့်ဦး၏ အခန်းရှိရာ အပေါ်ထပ်သို့ တစ်ခါထဲတက်ခဲ့လိုက်သည်။
သျှင်းသန့်ဦး၏ အခန်းရှေ့၌ ဟင်းအမယ်စုံလင်စွာပါသော ထမင်းစားပွဲကြီးအား မ,ကာ ရပ်နေကြသော အိမ်ပေါ်အမျိုးသမီးနှစ်ယောက်သည် အထဲကိုဝင်ချင်သော်လည်း ဝင်၍မရဖြစ်နေသည့်ပုံပင် မျက်နှာအမူအရာများမကောင်းလျက်ရှိကြသည်။
သူ့ကိုတွေ့တော့မှ အားကိုးရာ ရသွားသလိုကြည့်လာကြသောအမျိုးသမီးနှစ်ယောက်က စားပွဲကို ကိုင်ရင်းနှင့်ပင် နန္ဒဒီကာအား ကပြာကယာနှုတ်ဆက်လာကြသည်။
![](https://img.wattpad.com/cover/320445930-288-k915823.jpg)
أنت تقرأ
ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2
عاطفيةA story about slow romance with sacrifice between Yangon university students in 1970s Start Date - 27 August 2022 End Date - 23 September 2022 Season 2 - A story about marriage couple and possessive side couples which can contain strong mature conte...