S2- 15

1.7K 119 22
                                    

မောင်ပြောပြသည့်အကြောင်းအရာများအား ကံ့ကော်သက်လွင်ဖြင့်နားရှိလို့သာကြားရတယ် တကယ့်ကိုမယုံနိုင်ပေ။

မောင်နဲ့ မင်းနန္ဒအောင်တို့ ညီအကိုတော်စပ်သည်ဟု ကြားသိရတုန်းကထက်ပင် ပို၍အံ့သြစရာကောင်းသောအကြောင်းအရာများဖြစ်နေခဲ့သည်။

ရုပ်ရှင်ပြကွက်တစ်ခုကို မောင်က ပြန်ပြောနေသလားလို့တောင် ကံ့ကော်သက်လွင်ထင်မိပါသည်။

သူ တစ်ခါမှမတွေးကြည့်မိဖူးပါသော အရာတွေအား မောင်က ပြောပြလာတာမို့ မယုံကြည်လို့လည်းမရပေ။

လူတစ်ယောက်ကို လက်လွတ်စပယ်သတ်ပစ်ပြီး အပင်ခြေရင်းအောက်မှာ အုတ်ဂူသွင်းမြေမြှုပ်ထားနိုင်တဲ့အထိ တရားဥပဒေအား လက်တစ်လုံးခြားလုပ်နေပါသော သူတွေကိုလည်း ကံ့ကော်သက်လွင်ဖြင့် အံ့သြလို့တောင်မဆုံးပေ။

စီးပွားရေးလောကထဲကို ဝင်တာမကြာသေးသော ကံ့ကော်သက်လွင်က စီးပွားရေးသမားတွေ ဘယ်လောက်ကောက်ကျစ်တတ်ပြီး မျက်ခုံးမွှေးပေါ်စကြ်လျှောက်တတ်လည်း သိပေမယ့် လူတစ်ယောက်ကိုလက်စဖျောက်ပစ်နိုင်လောက်တဲ့အထိ လှည့်ကွက်များလွန်းသော သျှင်းသန့်ဦး၏အဖေအား သြချရလောက်သည်အထိ ကျက်သီးပင်ထမိပါသည်။

တစ်ဆက်တည်းမှာပင် မင်းနန္ဒအောင်၏အမေအား သနားစိတ်တို့နှင့်အတူ ကံ့ကော်သက်လွင်စိတ်ထဲမှပင် ကောင်းရာမွန်ရာရောက်စေဖို့ ဆုတောင်းပေးလိုက်သည်။

မြေးအရင်းကိုတောင် လမ်းမလျှောက်နိုင်လောက်တဲ့အထိ အရိုးကျိုးအောင်ရိုက်တဲ့အသိုင်းအဝိုင်းကလူတွေဟာ ဒီလောက်အထိကို ကောက်ကျစ်ယုတ်မာနိုင်ကြပါလားလို့လည်း ကံ့ကော်သက်လွင်က ရွံမုန်းစွာတွေးမိပါသည်။

''ငါ့ကိုမုန်းချင်လည်းမုန်းပါ မောင် ၊ ဒါပေမယ့် ဒီတစ်ခေါက်ပြီးရင်တော့ ဒီစံအိမ်ကလူတွေအားလုံးနဲ့ မောင် အဆက်အသွယ်ဖျက်ကိုဖျက်ရမယ်၊ ထပ်ပြီးတော့တွေ့ဖို့ကို ဘယ်တော့မှမစဥ်းစားနဲ့တော့ ''

ဂျီကျတာမဟုတ်ဘဲ အလေးအနက်ပြောပေမယ့် မောင့်စိတ်ထဲမှာတော့ သူ့ကို သက်လွင်ကအလိုမကျလို့ဂျီကျနေတယ်ပဲ ထင်ကောင်းထင်လိမ့်မည်။

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Onde histórias criam vida. Descubra agora