19.

2.4K 205 12
                                    

Unicode

'အာ့! '

''အယ်......တောင်းပန်ပါတယ်ဗျ ကျွန်တော်မမြင်လိုက်မိလို့ပါ ''

နန္ဒကျော်စွာတစ်ယောက် library ၌ စာအုပ်ငှားပြီးပြန်အထွက် အကွယ်ထောင့်စွန်းတစ်နေရာမှ တစ်ဖက်ကလာသောသူနှင့် ဝင်တိုက်မိသည်မှာ အသံထွက်၍ ညည်းညူရလောက်သည်အထိ ထိချက်ပြင်းပြီး ပခုံးပေါ်ကဘေးလွယ်အိတ်လေးပင် အောက်သို့ပြုတ်ကျသွားသည်အထိ။

နာနေတဲ့ပခုံးအား ခပ်ဖွဖွပွတ်ရင်း သူ့ကိုတောင်းပန်စကားဆိုနေသော ကောင်လေးကိုကြည့်မိတော့ နာကျင်နေသည်များပင်ဘယ်ရောက်သွားမှန်းမသိလိုက်ပေ ။

''ဟို....ဒီက သူငယ်ချင်း အဆင်ပြေရဲ့လားဗျ ''

အားနာနေဟန်ပုံရိပ်ငယ်လေးကြောင့် နန္ဒကျော်စွာ ပြုတ်ကျနေသောလွယ်အိတ်အားပြန်ကောက်ရင်း ကိုယ်ဟန်ကို ခပ်မတ်မတ်နေလိုက်သည်။

''အဆင်ပြေပါတယ် ''

''ဟုတ်ရဲ့လားဗျာ တစ်ခုခုနာနေတာရှိရင်ကျောင်းဆေးပေးခန်းသွားရအောင်လေ ကျွန်တော် နည်းနည်းအလျင်လိုနေလို့ပြေးလာသလိုဖြစ်ပြီးတိုက်မိသွားတာ အရှိန်ပြင်းသွားမှာပဲ တောင်းပန်ပါတယ်ဗျာ ''

အဆင်ပြေကြောင်းပြောသော်လည်း အားနာနေသေးဟန်ကောင်လေးကြောင့် နန္ဒကျော်စွာ ခပ်ရေးရေးပြုံးလိုက်သည်။

နန္ဒကျော်စွာ ဒီကောင်လေးကိုသိသည်။

နန္ဒကျော်စွာက ကျောင်းသာတက်နေပေမယ့် သူ့မှာသူငယ်ချင်းဟူ၍မရှိသလို သူငယ်ချင်းလည်းမရှာပေ။

စံအိမ်တော်၏ဆက်ခံသူလောင်းလျာတစ်ယောက်က သာမာန်လူတန်းစားတွေနဲ့ ရောရောထွေးထွေးမနေသင့်ဘူးဟု ထင်သောကြောင့်ဖြစ်သည်။

ထိုသို့အတွေးမရှိသော နန္ဒဒီကာကတော့ ဒီကောင်လေးအပြင် အနောက်ဆောင်တော်က မင်းနန္ဒအောင်တို့နှင့်ပါ လုံးထွေးပေါင်းသင်းနေတာ ကန်တင်းမှာထိုင်တိုင်း နန္ဒကျော်စွာတွေ့ပါသည်။

နန္ဒဒီကာဘေး၌ အမြဲထိုင်လေ့ရှိသော ဒီကောင်လေးအား စိတ်ထဲ၌ စိတ်ဝင်စားမှုမရှိပါဘဲ နန္ဒကျော်စွာ၏မျက်လုံးများကတော့ မတူညီစွာပင် စိတ်ဝင်တစားနှင့် အနှီကောင်လေးဆီသို့ သိသိသာသာရော မသိမသာပါ အကြည့်ရောက်ရောက်သွားတတ်သည်။

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Tempat cerita menjadi hidup. Temukan sekarang