S2- 3 ⚠

3K 137 17
                                    

STRONG SEXUAL CONTENTS AHEAD!! READ AT YOUR OWN RISK ⚠

အခန်းထဲသို့ပြန်ရောက်လာတော့ စာအုပ်ထဲ၌ စျာန်ဝင်နေသောမောင်က သက်လွင်အား ပြုံးကာကြည့်လာသည်။

''တံခါးသွားပိတ်တာကြာလိုက်တာ သက်လွင်....မောင်ကစောင့်နေတာ ''

''အင်း ဟုတ်တယ်.....မသစ္စာက ဘုရားပန်းအိုးလဲနေလို့ စောင့်ပေးနေတာနဲ့ ကြာသွားတာ ''

သူပြောတော့ မောင်က 'သြော်'ဟု အာမေဍိတ်ပြုကာဖြင့် စာအုပ်ထဲသို့ပြန်၍ အာရုံရောက်သွားတာမို့ ကံ့ကော်သက်လွင် မျက်ခုံးပင့်မိသည်။

မောင်ကတော့ အခုချိန်က စာဖတ်သင့်တဲ့အချိန်ဟုတ်လား မဟုတ်လားဆိုတာ မသိတာလား၊ မသိချင်ယောင်ဆောင်နေတာလားပဲ!

ညစ်ချင်တဲ့စိတ်လေးနဲ့အတူ သက်လွင်၏ ဥာဥ်ဆိုးလေးကပေါ်လာတော့ မောင်ဖတ်နေသော စာအုပ်အားဆွဲယူကာဖြင့် အနီးနားရှိစာရေးခုံပေါ်သို့ပစ်တင်လိုက်သည်။

''သက်လွင်ရယ် မောင့်ဆီကတောင်းလည်းရတာကို အလန့်တကြားဖြစ်အောင် ဆွဲလုရလား ''

စိတ်ဆိုးခြင်းအလျင်းမရှိတဲ့မောင်က ခပ်အေးအေးပင်ပြောလာသည်။

သက်လွင်ကတော့ မောင့်အားပြန်မဖြေဘဲ ဝှီးချဲပေါ်ရှိမောင့်ခန္ဓာကိုယ်အားပွေ့ချီကာ ကုတင်ထက်သို့တင်ပေးလိုက်တော့လည်း မောင်ကအထွန့်တက်ခြင်းမရှိဘဲ ကုတင်ပေါ်၌ထိုင်ကာ သက်လွင်အားလိုက်ကြည့်နေသည်။

ထို့နောက် သက်လွင်က မောင်နှင့်မျက်နှာချင်းဆိုင်၍ မောင့်ဘေးနား၌ထိုင်လိုက်ကာ မောင့်အားမျက်ခုံးပင့်ပြကာဖြင့် သိချင်သောအဖြေရအောင် မေးခွန်းများအားစမေးတော့သည်။

''ဒီနေ့က ဘာနေ့လဲမောင် ''

သက်လွင်မေးတော့ မောင်က မဆိုင်းမတွပင်ပြန်ဖြေလာသည်။

''မောင်တို့ရဲ့ မင်္ဂလာနေ့လေ သက်လွင် ''

''အင်း ဒါဆို မင်္ဂလာပွဲပြီးသွားတဲ့ဒီညက ဘာညလဲ ''

''မင်္ဂလာပွဲပြီးသွားတဲ့ဒီညက မင်္ဂလာဦးညပေါ့ သက်လွင်ရဲ့ ဘာဖြစ်လို့လဲ ''

တကယ်မသိတာလား မသိချင်ယောင်ဆောင်နေတာလားမသိတဲ့မောင့်အား ကံ့ကော်သက်လွင်စိတ်တိုလာပြီဖြစ်သည်။

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Where stories live. Discover now