S2 - 10

1.8K 147 14
                                    

ခြံတံခါးဖွင့်သံခပ်သဲ့သဲ့နှင့်အတူ လှည့်ကြည့်လာသောမျက်ဝန်းတစ်စုံအား ကံ့ကော်သက်လွင် မျက်တောင်မခတ်တမ်းငေးစိုက်ကြည့်နေမိသည်။

ရက်သတ္တပတ် တစ်ပတ်ပြီးမြောက်သည့်နောက်မှာတော့ ကံ့ကော်သက်လွင်ဟာ  အိမ်ဟူသောရပ်ဝန်းငယ်ရှိရာသို့ တစ်ဖန်ပြန်၍ချေခြမိပြန်တာပါပဲ။

ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်ကြီးမားတဲ့သက်လွင်ဟာ တစ်ပတ်လုံးအိမ်ပြန်မလာဘဲ အလုပ်လုပ်ရာရုံးခန်း၌သာ ခေါင်းတိုး၍အိပ်စက်ခဲ့သည်မှာ မောင်နှင့်မျက်နှာချင်းမဆိုင်ရဲသော သတ္တိနည်းမှုများကြောင့်ဖြစ်သည်။

အခုလည်း မောင်နှင့်မျက်နှာချင်းဆိုင်ရဲပြီမို့အိမ်ပြန်လာတာမဟုတ်ဘဲ အလုပ်နှင့်ပတ်သတ်သော အရေးကြီးစာရွက်စာတမ်းတစ်ခုအား အိမ်၌ပြန်လာယူခြင်းဖြစ်သည်။

ဒီလိုအိမ်ပြန်လာမိရင် အိမ်၌အမြဲတစေနေတတ်သော မောင်နှင့် အခုလိုမျက်နှာချင်းဆိုင်ရမယ်မှန်းသိပေမယ့် မျက်နှာချင်းမဆိုင်ရဲတဲ့စိတ်နှင့် အိမ်ပြေးကလေး ကံ့ကော်သက်လွင်ရဲ့ အိမ်ကိုလွမ်းတဲ့စိတ်နှစ်ခုတို့ အားပြိုင်ကြရာမှ မောင့်ကိုလွမ်းတဲ့စိတ်တို့က ပိုသာခဲ့သောကြောင့် သက်လွင်ဟာ မောင်ရှိရာအရပ်သို့ မဝံ့မရဲချေခြမိခြင်းဖြစ်ပါသည်။

ခြံဝ၌ရပ်နေသော သက်လွင်နှင့် ခြံစည်းရိုးအစပ်နားရှိ ချယ်ရီပင်ပျိုအောက်၌ ဝှီးချဲနှင့်ထိုင်နေသော မောင်သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်မလွှဲကြဘဲ ငေးစိုက်ကြည့်နေကြပေမယ့် ဘယ်သူတစ်ဦးတစ်ယောက်ကမှ စတင်၍ စကားမဆိုမိကြပေ။

မျက်လုံးချင်းစုံနေတာမို့ မောင့်မျက်ဝန်းထဲရှိစကားလုံးလေးများအား ကံ့ကော်သက်လွင် ကြိုးကြိုးစားစားနှင့် အကောင်အထည်ဖော်ကြည့်ပါသော်လည်း ရေသေလိုတည်ငြိမ်နေသောမောင့်မျက်ဝန်းများ၌ ရှုပ်ထွေးမှုတို့ကိုသာတွေ့ရတာမို့ ကံ့ကော်သက်လွင်ရင်ဘက်ထဲ၌ တဆစ်ဆစ်နာကျင်လာရသည်။

မောင်က သူနဲ့ပတ်သတ်ပြီးစိတ်ရှုပ်ထွေးနေရတယ်ဆိုတဲ့အသိက ကံ့ကော်သက်လွင်စိတ်အစဥ်အား စိုးရွံ့စေပါသည်။

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Hikayelerin yaşadığı yer. Şimdi keşfedin