32 (Unicode)

2.1K 147 4
                                        

နန္ဒဒီကာ ကြားလိုက်ရသည့်စကားများအား မယုံနိုင်ပင်ဖြစ်ကာ ဆွံ့အ တုန်လှုပ်သွားရသည်။

မသိစိတ်ရဲ့ သိသိသာသာလှုံ့ဆော်မှုကြောင့် မရည်ရွယ်ပါဘဲနဲ့ ခန်းမဆောင်၏တံခါးအပြင်ဘက်မှ အတွင်းထဲရှိစကားများအား ခိုးနားထောင်မိခြင်းပင်။

ကြာကြာပင်ဆွံ့အနေချိန်မရလိုက် အရီးတော်နဲ့ မင်းနန္ဒအောင်တို့ အန္တရာယ်ရှိသည်ဟူသော  သိစိတ်၏တစ်ဖန်ပြန်၍ လှုံဆော်မှုကြောင့် မပြေးရုံတမယ်ခြေလှမ်းများသည် အနောက်ဆောင်တော်ဘက်သို့ ချက်ချင်းပင်ဦးတည်လိုက်သည်။

မပြေးရုံတမယ်မဟုတ်ဘဲ စံအိမ်တော်မှ အနောက်ဆောင်ဘက်သို့ပြေးသွားသော ဆက်ခံသူမင်းသားငယ်အား မြင်လိုက်ရသော အစေခံများမှာ အံသြတကြီးနှင့်။

သူတို့ဆက်ခံသူမင်းသားငယ်က တစ်ခါမှ ဒီလိုရုပ်ပျက်ဆင်းပျက်နဲ့ ရာဇအိန္ဒြေပျက်ပြားအောင် ပြေးလွှားဖူးတာမှမဟုတ်ဘဲ။

တလှပ်လှပ်ဖြစ်နေသော နှလုံးခုန်သံနှင့် မကြာခဏမှားယွင်းချင်နေသော ခြေလှမ်းများနှင့်အတူ အနောက်ဆောင်တော်ထဲသို့ နန္ဒဒီကာ ဝင်လာလိုက်သည်။

''အရီးတော်! ''

အနောက်ဆောင်တော်၏ ဧည့်ခန်းဆောင်၌ ဇာပန်းထိုးနေဟန်ရှိသော မင်းနန္ဒအောင်၏မိခင်ဖြစ်သူသည် နန္ဒဒီကာအား ရုတ်တရက်မြင်လိုက်ရတာမို့ အံ့အားသင့်နေဟန်ပင်။

''မင်းသားငယ်လေး....ဘယ်လိုကနေဘယ်လို ကျွန်တော်မျိုးမတို့ဆီ.....''

''ကျွန်ုပ်မှာရှင်းပြဖို့အချိန်မရှိဘူး အရီးတော်......အခု အရီးတော်တို့သားအမိ စံအိမ်တော်ထဲကနေ အမြန်ထွက်သွားပါတော့! ''

ရေးကြီးသုတ်ပြာဖြစ်နေသော နန္ဒဒီကာအား အရီးတော်က နားမလည်သလို ခပ်မော့မော့လေးငေးနေသည်မို့ နန္ဒဒီကာ သက်ပြင်းမောကိုချလိုက်သည်။

''ကျွန်ုပ် အခုပြောတာကို အရီးတော်ထူးဆန်းနေပြီး မယုံကြည်လောက်ဘူးထင်ပေမယ့် တကယ့်အမှန်တရားတွေမို့လို့ အရီးတော် ကျွန်ုပ်ကိုယုံကြည်စေချင်တယ် ''

အံ့သြနေဆဲဖြစ်သော အရီးတော်က နန္ဒဒီကာအား ခေါင်းညိတ်ပြလာသည်။

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Место, где живут истории. Откройте их для себя