29.

1.8K 134 3
                                    

Unicode

''မောင့်ကိုစောင့်ရတာပျင်းနေပြီလား သက်လွင် ''

ပခုံးစွန်းလေးနှစ်ဖက်အား လက်ဖြင့်ခပ်ဖွဖွထိတွေ့လာမှုကြောင့် ကံ့ကော်သက်လွင် တွေဝေငေးမောနေရာမှ မောင့်အား စောင်းငဲ့ကြည့်လိုက်သည်။

''မပျင်းပါဘူးမောင်ရဲ့ ''

အနည်းငယ်မျက်နှာမကောင်းသောမောင့်ကြောင့် ကံ့ကော်သက်လွင် မောင့်မျက်နှာကိုသေချာကြည့်ပြီးမှ စိုးရိမ်စိတ်များနှင့်မေးကြည့်လိုက်သည်။

''ဘာဖြစ်လို့လဲမောင်....မျက်နှာလည်းမကောင်းပါလား....''

သက်လွင်၏အမေးအား မောင်က မဖြေကြားပါဘဲ ခပ်ရေးရေးပြုံးပြကာ ခေါင်းအသာခါပြသည်။

''လာ...သက်လွင်....သက်လွင်ကို မိတ်ဆက်ပေးစရာရှိတယ်....''

မောင်က သက်လွင်၏လက်အားအသားဆွဲ၍ မောင့်မိဘတွေရဲ့အုတ်ဂူနှင့် ပို၍နီးကပ်သည်အထိ ခေါ်သွားသည်။

ထို့နောက်သက်လွင်၏ လက်နှစ်ဖက်အား မောင့်၏လက်နှစ်ဖက်ဖြင့် ခပ်ဖွဖွအုပ်ကိုင်ရင်း မောင့်မိဘတွေနှင့် သက်လွင်အားမိတ်ဆက်ပေးလာခဲ့သည်။

''ဖခမည်းတော်နဲ့မယ်တော်......ဒါ သားတော်ရဲ့ ကြင်ယာတော် ကံ့ကော်သက်လွင်တဲ့ ချောတယ်မလားဟင်.....''

ခပ်ရေးရေးပြုံးနေတဲ့မောင်က ပျော်မနေမှန်း သက်လွင်သိတာမို့ မောင့်အား တွေတွေလေးသာ ငေးကြည့်နေလိုက်သည်။

''သားတော်ရဲ့ရွေးချယ်မှုကို မယ်တော်တို့ကတော့ နားလည်ပေးကြမယ်လို့ထင်ပါတယ်.....သက်လွင်ကလေ အပြစ်ပြောစရာတစ်ကွက်မှမရှိတဲ့ အဆင်းရောအချင်းပါ ပြည့်စုံတဲ့သူမျိုးပါ....သားတော်ကိုလည်း မေတ္တာအပြည့်ပေးနိုင်တဲ့သူမျိုးမို့ သားတော်ကိုစိတ်ချလို့ရပါပြီ.....''

မျက်ရည်ဝဲပြီးပြောနေတဲ့မောင့်ကိုကြည့်ရင်း သက်လွင်၏ မျက်ဝန်းအိမ်မှမျက်ရည်စက်များက ပါးပြင်ထက်သို့ တလိမ့်လိမ့်စီးကျနေပြီဖြစ်သည်။

ဒီအမျိုးသားက သူ့ကိုရွေးချယ်မိလို့ စိတ်ပင်ပန်းနေရမှန်းသိပေမယ့် မောင့်လက်ကိုလွှတ်ချဖို့ ဘယ်သောအခါမှမတွေးခဲ့ဖူးဘူး။

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Onde histórias criam vida. Descubra agora