Unicode
လူသားတိုင်းသည် လောကဓံတရား၏ အနိမ့်အမြင့်အတက်အကျအလိုက် ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းပူဆွေးခြင်းတို့အား လူတန်းစားမရွေး တွေ့ကြုံခံစားကြရမည်ဖြစ်ပါသည်။
''ကျောင်းသားတစ်ယောက်ရေနစ်လို့တဲ့!! ''
ကော်ရစ်တာတစ်လျှောက် ကျယ်လောင်စွာအော်ဟစ်သွားသောအသံက စာသင်နေသော ပရော်ဖာဆာအပါအဝင် ကျောင်းသားများ၏ သင်ခန်းစာအပေါ်အာရုံစူးစိုက်မှုအား ရပ်တန့်သွားစေသည်။
သိချင်စိတ်ကြောင့်လှုပ်လှုပ်ရွရွဖြစ်လာကြသော ကျောင်းသားကျောင်းသူများကြောင့် ပရော်ဖက်ဆာလည်း စာဆက်သင်လို့မရတော့မယ့်အတူတူ အတန်းကိုစောလွှတ်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ပထမနှစ် နိုင်ငံတကာဆက်ဆံရေးအတန်းမှ ကျောင်းသား ကျောင်းသူများသည် ပြင်းပြလှသောသိချင်စိတ်များကြောင့် စာသင်ခန်းအပြင်သို့ ခပ်သုတ်သုတ်နှင့်ထွက်ကြတော့သည်။
ဖြစ်ရပ်တစ်ခုအား ကိုယ်စပ်စုလိုက်လို့လည်း ဘာကောင်းကျိုးမှ မရမယ့်အတူတူ ရေနစ်သည့်သူအား အန္တရာယ်ကင်းပါစေဟု စိတ်ထဲမှဆုတောင်းပေးလိုက်ရင်း နောက်ဆုံးမှ အခန်းအပြင်သို့ ထွက်လာသော မင်းချမ်းမွန်၏ ခပ်အေးအေးသဘောထားသည် အခန်းအပြင်၌ တီးတိုးပြောနေကြသော ကျောင်းသူလေးများ၏စကားသံကိုကြားရပြီးနောက်မှာတော့ ရုတ်တရက် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိသွားရတော့သည်။
''ရေနစ်တာ ဘူမိကကောင်လေးလို့ကြားတယ်ဟဲ့ အသက်တော့မမှီလိုက်ဘူးတဲ့ ''
''သနားပါတယ်ဟယ်....''
''ညီမ.....ညီမတို့....ရေနစ်တာဘယ်နေရာမှာလဲ ''
တစ်ယောက်တစ်ပေါက်တီးတိုးပြောနေသောစကားဝိုင်းအား မင်းချမ်းမွန်ဖြတ်ကာပြောလိုက်တော့ ကျောင်းသူလေးများဟာ မင်းချမ်းမွန်အား တအံ့တသြကြည့်လာကြသည်။
စာသင်နှစ်တစ်နှစ်ကုန်ခါနီးမှပဲ အခန်းထဲက အချောမောဆုံးကောင်လေးက သူတို့ကို အရင်စကားလာပြောတာမို့ အကုန်လုံးက ခဏတော့ ကြောင်,အ သွားကြရသည်။

ВЫ ЧИТАЕТЕ
ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2
Любовные романыA story about slow romance with sacrifice between Yangon university students in 1970s Start Date - 27 August 2022 End Date - 23 September 2022 Season 2 - A story about marriage couple and possessive side couples which can contain strong mature conte...