ဝုန်း!
'အာ့! '
''ချမ်းမွန်......!!!''
ရုတ်တရက်မြန်မြန်ဆန်ဆန်ပင်ဖြစ်ပျက်သွားသော အဖြစ်အပျက်တစ်ခုနောက်၌ ကံ့ကော်သက်လွင်သူ့ကိုသူပင် မယုံကြည်နိုင်ဖြစ်သွားရသည်။
သူက...သူက....ဘယ်လိုစိတ်ကူးနဲ့များ မောင့်ကို ဒီလိုအပြုအမူမျိုးလုပ်လိုက်မိတာတဲ့လဲ....။
တဆက်ဆက်တုန်ယင်နေသောကိုယ့်လက်ကိုယ်ပြန်ကြည့်လိုက် ခပ်လှမ်းလှမ်း၌ လဲကျနေသောမောင့်ကိုကြည့်လိုက်နှင့် ကံ့ကော်သက်လွင်တစ်ယောက် မယုံရဲစွာပင် ကြောင်,အနေမိသည်။
တမင်ရည်ရွယ်ခြင်းမဟုတ်ပါဘဲ အားအနည်းငယ်များသွားသည့်သက်လွင်က ဝှီးချဲအားဆောင့်တွန်းလိုက်သည့်အခါမှာတော့ အရှိန်လွန်သွားသောဝှီးချဲသည် ပက်လက်လန်၍လဲကျသည့်အခါ ဝှီးချဲပေါ်၌ထိုင်နေသည့် မောင်သည်လည်း ဝှီးချဲနှင့်အတူ နောက်ပြန်လန်၍ လဲကျသွားခြင်းဖြစ်သည်။
''ချမ်းမွန်! မောင်လေးအဆင်ပြေရဲ့လား အမကိုသေချာကြည့်စမ်း! ''
မောင့်နာမည်အားနားထဲ၌ အထပ်ထပ်အခါခါပဲ့တင်နေအောင်ကြားလာသည့်အခါမှ ကံ့ကော်သက်လွင်အသိပြန်ဝင်လာရပြီး မောင့်အား ကမန်းကတန်းသွားကူတွဲမယ်ကြံတော့ ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိတဲ့ မသစ္စာက လဲကျနေသောမောင့်ခန္ဓာကိုယ်အား မနိုင်မနင်းနှင့်ဆွဲထူနေသည်ကိုတွေ့လိုက်ရတာမို့ ကံ့ကော်သက်လွင် အယောင်ယောင်အမှားမှားနှင့်ပင် ကမ်းနေသည့်လက်များအား ရုတ်သိမ်းလိုက်သည်။
မောင့်မျက်ဝန်းများဆီသို့အကြည့်ရောက်မိတော့ အဓိပ္ပာယ်ဖော်မရစွာနှင့် သက်လွင်အားကြည့်လာသော မောင့်မျက်ဝန်းများကြောင့် ကံ့ကော်သက်လွင် ခြေနှစ်လှမ်းခန့်မျှ အနောက်သို့ဆုတ်မိသွားသည်။
ဟင့်အင်း မောင်......ငါ့ကိုအဲ့လိုအကြည့်မျိုးတွေနဲ့လာမကြည့်နဲ့!
ဂယောင်ချောက်ခြားဖြစ်နေသောအတွေးများနှင့်အတူ ခြေလှမ်းမိသည်က မောင့်ဆီကိုမဟုတ်ဘဲ အိမ်အပြင်ဘက်သို့ဖြစ်သည်။
မောင့်အားဆွဲထူဖို့ မသစ္စာသည်လည်း သူ့အကူအညီလိုနေမယ်မှန်းသိပေမယ့် ကိုယ့်ကိုယ်ကိုယ် မလုံမလဲစိတ်နှင့်ရှက်ရွံ့နေမိတဲ့သက်လွင်ကတော့ အပြစ်ကိုဝန်မခံချင်သေးတာမို့ မောင်နှင့်မသစ္စာတို့၏ဝေးရာကိုသာပြေးထွက်လာခဲ့သည်။
![](https://img.wattpad.com/cover/320445930-288-k915823.jpg)
VOUS LISEZ
ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2
Roman d'amourA story about slow romance with sacrifice between Yangon university students in 1970s Start Date - 27 August 2022 End Date - 23 September 2022 Season 2 - A story about marriage couple and possessive side couples which can contain strong mature conte...