Extra 1

2.7K 173 6
                                    

Unicode

ရွာအဝင်စည်ရိုးကလေး၌ 'နွမ်ဟိုင်ရွာ'ဟု ထွင်းထုကာ သစ်သားဆိုင်းဘုတ်လေးချိတ်ဆွဲထားသော ရွာငယ်ကလေးသည် အိမ်ခြေအနည်းငယ်မျှသာရှိပြီး လူသူအရောက်ပေါက်နည်းသော ရွာငယ်ကလေးဖြစ်သည်။

မြန်မာနိုင်ငံ၏ မြောက်ဖျားစွန်း၌တည်ရှိပါသော ကချင်ပြည်နယ်အတွင်းရှိ ရွာငယ်လေးဖြစ်ပြီး မေခနှင့်မလိခမြစ်တို့ဆုံစည်းရာအရပ်နှင့် မလှမ်းမကမ်း၌ရှိကာ ခါကာဘိုရာဇီတောင်မှ နိမ့်ဆင်းသွယ်တန်းလာသော တောင်အစွန်အဖျားလေး၏ အောက်ခြေ၌တည်ရှိသောရွာငယ်ကလေးဖြစ်သည်။

ဆောင်းရာသီများတွင် ရေခဲမှတ်အောက် မိုင်းနပ်​တစ်ဆယ်ဒီဂရီဆဲလ်ဆီးရပ်အထိ အေးတတ်ပြီး နွေရာသီများတွင်တောင်မှ ၄ဒီဂရီဆဲလ်ဆီးရပ်အထိ အပူချိန်နိမ့်တာမို့ တစ်နှစ်ပတ်လုံး အအေးလွန်ကဲသော ဒေသကလေးဟုပြောလို့ရပါသည်။

''မိုင်မိုင် ထမင်းစား ''

အဖွားနမ့်ပန်က မပီတပီဗမာစကားသံလေးနှင့် သူ့အား ထမင်းစားဖို့လာခေါ်တာမို့ မင်းနန္ဒအောင် လုပ်လက်စဖြစ်သော ထင်းခွဲနေခြင်းကိုရပ်လိုက်ကာ အဖွားနမ့်ပန်အားပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

သူ့နာမည် မင်းနန္ဒအောင်အား မခေါ်တတ်ဘဲ ခက်ခဲနေတာမို့ နောက်ဆုံး အဖွားနမ့်ပန်က သူ(မ)စိတ်တိုင်းကျ မင်းနန္ဒအောင်အား 'မိုင်မိုင်' ဟုအမည်ပေးကာ ခေါ်ဆိုတော့သည်။

''လက်ဆေးပြီးလာခဲ့မယ် လိုင်လိုင် ''

နွမ်ဟိုင်ရွာသည် တိဗက်-ဗမာ နယ်စပ်၌ရှိတာမို့ အဖွားအား တရုတ်လို 'လိုင်လိုင်'ဟုခေါ်ဆိုကြခြင်းဖြစ်ရာ မင်းနန္ဒအောင်ကလည်း အဖွားနမ့်ပန်အား လိုင်လိုင်ဟု ခေါ်ဆိုပါသည်။

မင်းနန္ဒအောင်၏အဖြေစကားကိုကြားမှ သေးငယ်လှတဲ့ခန္ဓာကိုယ်ကလေးနှင့် အဖွားနမ့်ပန်က လှုပ်တုတ်လှုပ်တုတ်နှင့် အိမ်ငယ်လေးထဲသို့ပြန်ဝင်သွားသည်။

မွန်းတည့်ချိန်ဖြစ်တာမို့ ခပ်ဖျဖျလေးလင်းနေသောနေရောင်အောက်၌ ထင်းခွဲထား၍ အနည်းငယ်ပင်ပန်းသွားသော ခန္ဓာကိုယ်အား ခဏအနားပေးကာ အတွေးတစ်ချို့က လွန်ခဲ့သော၃နှစ်ခန့်ဆီသို့ ရောက်ရှိသွားရသည်။

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Onde histórias criam vida. Descubra agora