Chapter 30
ဝိုင် နှင့် ယို ပြုလုပ်ခြင်း ၊ တိုင်၀မ် ( 1 )ကျွန်တော်တို့ ငါးတွေ တကယ်ရောင်းကောင်းတယ်။ လင်းဂျင်ပန်သည် နေ့လယ်မတိုင်မှီ ပြန်ရောက်နေပြီဖြစ်သည်။ လင်ချန်းလုံ မပါလာခဲ့ပေ။ လယ်ယာ ကူ ညီဖို့ အိမ်ပြန်ခဲ့သင့်တယ် အခုကလယ်သမားတွေ အလုပ်များတဲ့ ရာသီဖြစ် သည် နေ့တိုင်း နှုတ်ဆက်ဖို့က သူ့အတွက်မလွယ်သေးဘူး။ စကားမစပ်၊ ဒါဝမ်ကိစ္စနှင့်ပတ်သက်ပြီးလင်းဂျင်ရွှမ်ကမျှော်လင့်ထားသည့်အတိုင်း ၎င်းတို့ကိုတရားစွဲမည်ဟုခြိမ်းခြောက်ထားသောကြောင့် ၎င်းတို့သည် ပြဿနာရှာရန် မလာတော့ပေ။ ဒီလိုနဲ့ ပြီးသွားတော့ ရွာလူကြီး ဒါမှမဟုတ် ဒါ၀မ်ရဲ့ မိသားစုက သူ့ကို မုန်းမှာလား ?? လင်းဂျင်ရွှမ်က ဒါကို လုံးဝအရှက်မခွဲခဲ့ပါဘူး။
"ဘယ်လို ? ကြေးဒင်္ဂါးပြား နှစ်ဆယ် ဘယ်လို့ ဒီလောက် ဈေးကြီးရတာလဲ ??? "
လင်းဂျင်ပန်သည် ကြီးမား၍ ရှည်လျားသောကိုယ် ထည်နှင့် ပါးလွှာသော လည်ပင်းရှိသော ထိုအိုးကြီးတစ်လုံးလျှင် ကြေးဒင်္ဂါးပြား 20 ပေးသည် ဟု လင်းဂျင်ပန်ပြောသည်ကို ကြားသောအခါတွင် သူ၏ မျက်နှာငယ်လေးသည် နီရဲသွားကာ ထိုအိုးများကို စိုက်ကြည့်နေသော မျက်လုံးများကနေတစ်ဆင့် သူ့ရဲ့ အပြောအဆိုကို ပုံဖော်ကြည့်နိုင်ပါတယ်။ တစ်အိုးကို ကြေးပြား 20 အိုး 20 ဆိုတော့ ကြေးဒင်္ဂါး 400 ဒီနေ့ငါးတွေကို အလကားရောင်းလိုက်ရတာတယ်။ (၀င်ငွေ = ထွက်ငွေ)
လင်းဂျင်ရွှမ်က သူ့ပါးစပ်ကိုလှုပ်လိုက်ပြီး လင်းဂျင်ပန်ကို မျက်လုံးများဖြင့် အချက်ပြလိုက်သည်။ သူတို့သည် အိုးအားလုံးကို မြေအောက်ခန်းထဲသို့ အလျင်အမြန်ရွှေ့လိုက်သည်။ လင်းဂျင်ရွှမ်၏ ညွှန် ကြားချက်နှင့်အတူ ၎င်းတို့နှစ်ဦးသည် ယခင်နေ့က ဆေးကြောသန့်စင်ထားသော တောစပျစ်သီးများကို ထိုအိုးများထဲသို့ ထည့်ကာ ရွှံ့နွံဖြင့် အုပ်ထားသော အဝတ်ဖြင့် အလုံပိတ်ကာ အိုးထဲတွင် စပျစ်သီးများကို အချဉ်ဖောက်ထားကြသည်။
"ကောင်းပြီ၊ ငါတို့ တစ်လအတွင်းသောက်လို့ရတယ် ဂျင်ပန် ၊ မြို့ထဲမှာ နေ့တိုင်းပွဲရှိလား"
(T/N : ညဘက်ဈေးပွဲတော်လိုမျိုး ရှိလားမေးချင်တာပါ)
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...