CHAPTER 194 /195/196/197
ရွယ်ဟွာခြံ၀န်းအပြင်ဘက်ကနေကြည့်နေရင်တော့ ခြံကကြီးပြီး အသစ်ဆောက်ထားတယ်လို့ပဲထင်ကြလိမ့်မယ်၊ ဒါပေမယ့် မင်းအထဲကို ၀င်သွားပြီးရင်တော့ ဘယ်လောက်တောင်လှတယ်ဆိုတာ မင်းသိလာလိမ့်မယ်။ အိမ်ရှေ့ခြံဝင်းတစ်ခုတည်းသာ မဆိုးဘူးဟုထင်ရသော်လည်း၊ ဘဲနှပ်သီးပုံ ငါးကန်ရေ မျက်နှာပြင်ပေါ်တွင် ကွေ့ကောက်သောစင်္ကြန်သည် ရွာထဲကမိသားစုများအတွက်တော့ ဤနေရာသည် တော်ဝင်နန်းတော်တမျှပင်။ ထို့ကြောင့် အိမ်ထဲသို့ဝင်ပြီးနောက် ၀မ်မိသားစုများအားလုံး အံ့သြသွားကြသည်။ ၀မ်ပင်းအန်နှင့် သူ့ဇနီးသည်ကလည်း ကျေနပ်စွာခေါင်းညိတ်လိုက်ကြသည်။ ဘယ်မိဘတွေကများ သားသမီးတွေကို ကောင်းကောင်းမွန်မွန်မနေစေချင်ပဲရှိပါ့မလား ??
"ဟူဇီ သူတို့ကို စပျစ်စင်တန်းဘက်မှာ ကစားဖို့ခေါ်သွားလိုက်ပါ။ ချန်းရှန်း ငါတို့အတွက် သကြားလုံးတွေ သွားယူလိုက်ပါ"
လင်း၀မ်သည် နောက်လိုက်လေးနှစ်ဦးကို အမိန့်ပေးနေစဉ် လက်နှစ်ဖက်သည်လည်း "ငါသည် အိမ်ရှင်ဖြစ်၏" အသွင်အပြင်နှင့်ဖြစ်သည်။ ဆုန်းရှောင်ဟူ သည်တုံ့ဆိုင်းစွာဖြင့်ကြည့်နေခဲ့သည် အချိန်အတော်ကြာပြီးနောက် သူ ခေါင်းညိတ်ကာ
"အိုး...ဟုတ်ကဲ့ပါ သခင်လေး"
"ကော (အစ်ကို) ကျွန်တော် ဦးလေးချူနဲ့ တခြားသူတွေကို တံခါးနားမှာနေပြီး သွားကြိုလိုက်မယ်။"
သူတို့ထွက်ခွာသွားပြီးနောက် စိတ်မ၀င်စားသော လင်းဝူသည် ၀မ်မိသားစုကိုပင်မကြည့်ဘဲ သူ့အစ်ကိုကြီးအားပြောကာ ပါးပြင်များကိုဖိလျက် ထွက်ပြေးသွားခဲ့သည်။ သူ့ညီလေး၏ ကျောကိုကြည့်ရင်း လင်းဝမ်သည် ကူကယ်ရာမဲ့ ခေါင်းခါယမ်းကာ ဝမ်မိသားစုမှ လူကြီးများထံသို့လှည့်ပြီး
"အဘိုးကြီး၊ အဖွားကြီး၊ ဦးလေးတို့၊ ဒေါ်လေးတို့ ကေျးဇူးပြုပြီး ၀င်လာကြပါ"
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...