🥳 Chapter 169

2.4K 224 3
                                    

🥳 Chapter 169
🥳 နှစ်သိမ့်ပေးမှု ၊ ရှုပ်ယှက်ခတ်နေတဲ့ လင်းမိသားစု (၁)

“အမေ”

ထိုမသက်ဆိုင်သောလူများကို ပြန်လွှတ်ပြီးနောက် လင်းဂျင်ရွှမ်သည် အမျိုးသမီး၀မ်၏ အခန်းသို့သွားခဲ့သည်။ အမျိုးသမီးဆုန်း၏ အကူအညီဖြင့် သူမသည် သူ့ကိုယ်သူဆေးကြောသန့်စင်ပြီးသွားခဲ့သည်။

"သူတို့ သွားပြီလား?"

လင်း၀မ် မော့ကြည့်လိုက်ပြီးတော့ သူမရဲ့စိတ်ထဲမှာဒေါသစိတ်တွေဖြစ်လာပြီး စိတ်ပျက်နေတဲ့ပုံစံနဲ့မေးလိုက်တယ်။ လင်းဂျင်ရွှမ် သူ့ဘေးမှာဝင်ထိုင်လိုက်ပြီး

"လင်းချီကိုင်နဲ့ လင်းဂျင်ဟုန်ရောက်လာခဲ့တယ် ကန်နွီက လင်းချန်းဟူကိုကြိုးနဲ့ချည်ပြီး သူ့ကို ရုံးတော် ဆီကိုပို့လိုက်တယ် အမျိုးသမီးဂျန်က ရူးသွပ်သွားသလိုမျိုး ထွက်ပြေးသွားတယ်။ သူမအိမ်ပြန်ပြီးပုန်းနေလောက်ပြီထင်တယ်။ မေမေ ဒီနေ့ကောင်းကောင်းလုပ်ခဲ့တယ်။ ဒီလို အရှက်ကင်းမဲ့တဲ့ လူတွေကိုဆက်ဆံဖို့က ပိုပြီးအရှက်ကင်းဖို့လိုတယ် မဟုတ်ရင် အမေ့ရဲ့ဂုဏ်သိက္ခာ ဒါမှမဟုတ် တစ်ခုခုကိုပိုဂရုစိုက်လေလေ သူတို့ က စည်းကျော်လာလေပံ။ သား ထုတ်မပြောရင်တောင် နားလည်သင့်တဲ့အရာတွေရှိတယ်။ ရှန်းလွေ့ရဲ့နောက်ခံကမရိုးရှင်းဘူး။ ဒါကြောင့် ဒီမှာပဲ တစ်သက်လုံးနေဖို့မဖြစ်နိုင်မှာပဲ ကြောက်တယ်။ ဂျင်ဟန်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ အရည်အချင်းတွေကြောင့် စာရင်း၀င်ဖို့က ပြဿနာမဟုတ်ဘူး။ သားတို့ လုပ်ငန်းပိုကြီးမားလာတာနဲ့အမျှ ဂျင်ပန်လည်း ဒီနေရာကနေ မကြာခဏဆိုသလို အပြင်ထွက် အလုပ်လုပ်ရနိုင်တယ်။ သားတို့အားလုံး အဝေးမှာရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေနဲ့အဖေက ဒီမိသားစုကိုဂရုစိုက်မှရမယ်။ အဖေက ဘယ်လိုလူမျိုးလဲ ဆိုတာ အမေ သိတယ်မှတ်လား ? အဖေက သူတော်ကောင်းတစ်ယောက်ပဲ။ ဒါပေမယ့် ပြတ် ပြတ်သားသားပြောရမယ်ဆိုလျှင် သူ အရမ်းစိတ်ပျော့လွန်းတယ်။ အမေသာ မတောင့်ခံထားနိုင်ဘူးဆိုရင် ဒီမိသားစုဟာ မကြာခင် ဒါမှမဟုတ် နောက်ပိုင်း တခြားသူတွေရဲ့လက်ထဲရောက်သွားလိမ့်မယ်။ ဒါကြောင့် မေမေ ဒီနေ့အတွက်ဘာ ဝန်ထုပ်ဝန်ပိုးမှခံစားမနေနဲ့။ သားတို့ ဘာမှမမှားဘူး။ သူတို့ဘက်က ထပ်ခါထပ်ခါ ဒုက္ခမပေးလာသင့်ဘူး။ သားတို့ လိပ်ပြာလုံနေသရွေ့ တခြားသူတွေပြောတဲ့ဘယ်အရာမဆို သားတို့နဲ့မဆိုင်ဘူး”

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now