Chapter 54
လိမ္မာပါးနပ်သော အမေနှင့်သမီး"နင့်ရဲ့လေသံကိုကြည့်စမ်း ငါ့အမေက နင့်ထပ်အသက် ကြီးတာကို နင်ဘယ်လို ဆက်ဆံနေတာလဲ ?? နင့်ကို ဝက်လှောင်အိမ်ထဲထည့်ထားပြီး ရေစိမ်ထားသင့်တယ်"
လင်းရှောင်ရင်း ဟာအသက် 14နှစ်ဖြစ်ပြီး ငယ်စဉ်ကတည်းက မိဘများထံမှ အလိုလိုက်ခံထားရသဖြင့် မာနကြီးပြီး အမြင့်မှန်းတဲ့ မိန်းကလေးတစ်ယောက်ဖြစ်လာသည်။ သူမသည် အပြေးအလွှား လင်းဂျင်ရွှမ်၏နှာခေါင်းနားကို လက်ညှိုးထိုးကာ အကျင့်စာရိတ္တမရှိသူ ဟု ကြိမ်းမောင်းခဲ့သည်။ သူမ၏မိခင်သည် မသိစိတ်က ရင်ဘတ်ကိုကိုင်ကာ နှာခေါင်းပေါက်ကြီးများဖြင့် သူ့ကိုစိုက်ကြည့်နေသည်။ (နှာခေါင်းပေါက်ကြီးများဖြင့် ဆိုတာကလေ တစ်ချို့ရှိတယ်လေ ဒေါသထွက်ရင် နှာခေါင်းတွေပွလာမျိုးလေ အဲ့လိုပြောချင်တာပါ)
'အမေတူ၊ သမီးနဲ့တူတယ်' ဆိုတဲ့ စကားလိုပါပဲ။ ရွာသားတချို့က သူတို့ရှေ့မှာ မကောင်းဆိုးဝါးက ကံကြမ္မာကောင်းရှိခဲ့ပုံရတယ် ပစ္စည်းဥစ္စာတွေ အများကြီးဝယ်လာတာတွေ့တယ်လို့ ပြောတာကို ရွာသားတွေဆီက ကြားပြီးတော့ တစ်ခုခုယူသွားလို့ ရမလားဆိုပြီး လာကြည့်ကြတာ... ဒါပေမယ့် ...
ဒါပေမယ့် လင်းဂျင်ရွှမ်ကို လွန်ခဲ့တဲ့ငါးနှစ်လောက်က သူ့အဖေက သူတို့ရဲ့အိမ်ကနေထုတ်ပယ်ခဲ့ရပြီး မိသားစုသစ်ပင်ကနေ ခုတ်လှဲခံခဲ့ရတာကို သူတို့မေ့သွားပုံရပါတယ်။ အလေးအနက်ပြောရလျှင် လင်းရှောင်ရင်း၏ မိခင်သည် ယခုအခါသူ့အသက်ကြီးတော့မည်မဟုတ်ပေ။ ထို့အပြင် လင်းဂျင်ရွှမ်သည် ယခင်ကကဲ့သို့ သူရဲဘောကြောင်နေတာမျိုးရှိမနေခဲ့ပေ......
"စိတ်ဝင်စားဖို့ကောင်းလိုက်တာ..."
သူ၏ နိမ့်ကျသော ပျော့ပျောင်းအေးစက်သော ရယ်မောသံသည် ရုတ်တရက်ထွက်ပေါ်လာပြီး သူတို့နှစ်ဦး အနိုင် ရရန် သေချာသည်ဟု ထင်နေသော ၎င်းတို့အား အံ့အား သင့်သွားစေသည်။ လင်းဂျင်ရွှမ်က သူ့ပါးစပ်ကိုအုပ်ပြီး ရယ်မောနေတာကိုကြည့်လိုက်တော့ လင်းရှောင်ရင်းက
"နင်ဘာရယ်တာလဲ ငါပြောတာမှားသွားလို့လား ?"
" မိုက်မဲတဲ့မြည်းလိုကောင် "
![](https://img.wattpad.com/cover/209230932-288-k267262.jpg)
KAMU SEDANG MEMBACA
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Fiksi Sejarahတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...