Chapter 32
ပိုက်ဆံအိတ်ကြိုးများ နှင့် သနားစရာ လင်းဂျင်ရွှမ် ( 1 )"ဘာလုပ်နေလဲ နေ့တိုင်း ရေတွက်ရတာ မပျင်းဘူးလား"
ကျန်တဲ့စပျစ်သီးတွေနှင့် ယိုသုံးအိုးလုပ်လိုက်သည်။ လင်းဂျင်ရွှမ်သည် ကလေးများအတွက် တစ်အိုးသိမ်းထားပြီး ကျန်နှစ်အိုးကို အဖြူရောင်အ၀တ်စ နှင့် အလုံပိတ်ပြီးနောက် လခြမ်းပုံဒိုင်မေးရှင်းထဲတွင်စိမ်ထားလိုက်ပြီး မနက်ဖြန် ဈေးပွဲနေ့မှာ ရောင်းချရန်စီစဉ်ထားသည်။
ပေါင်မုန့်နှစ်လုံးအတွက် ရေချိုးပြီးနောက်မှာ အိမ်ရှေ့ခြံဝင်း၌ စပျစ်သီးနှင့် သစ်တော်သီးအကိုင်း အခက်များကို ရေလောင်း၍ စိုက်ပျိုးပေးခဲ့ပြီးနောက် လင်းဂျင်ရွှမ်သည် အခန်းထဲသို့ ဝင်သွားခဲ့သည်။
ပေါင်မုန့်နှစ်လုံးသည် ၊ မျက်နှာချင်းဆိုင် ၊ ကုတင်ပေါ်တွင် တင်ပျဉ်ခွေလျက် ၊ ကြေးဒင်္ဂါးပြား ကြိုးတစ်ချောင်းကို ကုတင်ပေါ်တွင်ချိတ်လျက် ၊ လရောင်အောက်၌ သူတို့နှစ်ဦးသည် ထိုဒင်္ဂါးပြားများကို အထပ်ထပ် အခါခါရေတွက်ရန်အတွက် လထံမှ အလင်းရောင်ကိုချေးငှားယူနေကြသည်။ လင်းဂျင်ရွှမ်သည် ခိုကိုးရာမဲ့ ခေါင်းခါလိုက်ပြီး စကား ပင်လုံး၀မပြောနိုင်တော့ချေ ၊ သူ၏ ပေါင်မုန့်လုံး လေးများသည် ညစဉ် ညတိုင်း ယခုကဲ့သို့ ရေတွက်တတ်ကြသည်.....
“ဘယ်ဟုတ်မလဲ ?? ပိုက်ဆံက နည်းနေသေးတယ် ဟုတ်ပြီလား ?? ပိုက်ဆံကို ဖြစ်နိုင်ရင် တစ်ချိန်လုံး ရေတွက်နေလိုက်ချင်တယ်"
အဲ့ဒီလို အချိန်မျိုးမှသာ ပေါင်မုန့်လုံးကြီးဟာ ထူးထူးခြားခြား နုံအတဲ့ အပြုအမူတွေ ပြုမူတတ်တယ်
"အဲ... ဒီကြေးနီဒင်္ဂါးပြားရဲ့ အပေါက်ထဲကို ဘာလို့ ဝင်မနေလိုက်တာလဲ"
လင်းဂျင်ရွှမ်က သူ့နဖူးကိုထိလိုက်တယ်.... သူ့လို ပိုက်ဆံကို ရူးသွပ်တဲ့သူမျိုး တခါမှ မတွေ့ဖူးဘူးသေးဘူး....
"အဲ့လိုနေရဖို့ ကျွန်တော်ဆန္ဒရှိတယ်"
သူ့ဖေဖေ၏ ရွံ့ရှာဖွယ် ပုံကို လုံးဝမသိလိုက်ဘဲ ပေါင်မုန့်လုံးကြီးက ငွေကိုကိုင်၍ စိတ်လှုပ်ရှားစွာ ကြည့်လာခဲ့ပြီး...
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...