☘️ Chapter 153
☘️ Make A Pitiful Face : Play Rouge (1)မနက်ခင်းမှာ ဆေးသောက်ပြီးနောက် ရန်ရှန်းလွေ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတယ်။ဆိုင်ရှင်ကျန့်ဝိုင်လာယူသည့်အချိန်မှ ပြင်ပအသံကြောင့် နိုးလာခဲ့သည်။ ပိုကောင်းလာသလို ခံစားရလို့အပြင်ထွက်ကြည့်ဖို့ရည်ရွယ်ခဲ့တယ်။ သို့သော် ယနေ့နံနက်တွင် လင်းဂျင်ရွှမ်ပြောခဲ့သော စကားများကိုတွေးကာ ချက်ခြင်းပြန်အိပ်လိုက်သည်။ နောက်ဆုံးတော့ သူ့ရဲ့ ဂျင်ရွှမ်က သူနဲ့အတူနေဖို့သဘောတူလိုက်တယ်၊ သူဘယ်လိုလုပ် လပြာရောင်လိုအခွင့်အရေးကို ဘယ်လိုလုပ်လက်လွှတ်ခံနိုင်ပါ့မလဲ။
သို့သော်အဆက်မပြတ်စောင့်မျှော်ရင်းလင်းဂျင်ရွှမ် ၏အသံကို ကြားလိုက်သော်လည်း သူဝင်ရောက်လာခဲ့ခြင်းမရှိပေ။ ရန်ရှန်းလွေ့သည် စိုးရိမ်ပူပန်ပြီးမငြိမ်မသက်ဖြစ်နေတော့သည်။ ပါးလွှာသေအတွင်းခံ ဘောင်းဘီကို၀တ်ဆင်ထားပြီး တံခါးပေါက်မှအကြိမ်အနည်းခန့်ခိုးကြည့်ပြီးသော်လည်း... လင်းဂျင်ရွှမ်သည် သူ့ကိုလာကြည့်ရန် လုံးဝဝင်လာမည့်ပုံမပေါ်ပေ။ လင်းဂျင်ရွှမ်က ကျောက်နဲ့ဟန်စုံတွဲကို စောင့်နေဖို့ပြောလာတဲ့အချိန်အထိ ရန်ရှန်းလွေ့က သူ့နားကိုတံခါးနဲ့ဖိကပ်ပြီး နားထောင်နေခဲ့ပါတယ်။ နီးကပ်လာသော ခြေလှမ်းများကိုကြားလိုက်ရသည် နှင့် အိပ်ခန်းထဲသို့ချက်ချင်းပြေးဝင်ကာအိပ်ယာပေါ်သို့လှဲချလိုက်သည်။
တံခါးဖွင့်သံတိုးတိုးလေးမြည်လာကာ ခြေသံများနီး ကပ်လာသည်။ ကုတင်ပေါ်တွင် လဲလျောင်းနေသော ရန်ရှန်းလွေ့သည် ထိုအကြောင်းကိုတွေးနေမိသည်။ လင်းဂျင်ရွှမ်သည် အိပ်ခန်းထဲသို့ ဝင်လာပြီးနောက် တစ်စက္ကန့်အကြာတွင် သူသည် ဆန့်ကျင်ဘက်သို့လှည့်၍နံရံကိုမျက်နှာမူကာ သူ၏စိတ်ဆိုးနေမှုကို ထုတ်ဖော်လိုက်သည်။ လင်းဂျင်ရွှမ်၏ခြေထောက်များသည် လေထဲတွင်အေးခဲနေပြီး ပါးစပ်အနဲငယ် လှုပ်သွားသည်။ သူက ကလေးပဲရှိသေးတာလား ?? ဘယ်လိုအရွယ်ရောက်တဲ့လူက သူ့ဒေါသကိုဖော်ပြဖို့ ဒီလိုမျိုးလုပ်မှာလဲ ??
"ရှန်းလွေ့ မင်း သက်သာရဲ့လား ?"
လင်းဂျင်ရွှမ်သည် နှလုံးသားထဲတွင်ညည်းညူနေမိသော်လည်း သူ့အတွက် အမှန်တကယ်စိတ်ပူနေမိ သည်။ ကုတင်ဘေးမှာထိုင်ရင်း သူ့ကိုမျက်နှာချင်း ဆိုင်ရန်ဆွဲယူဖို့ကြိုးစားနေပေမယ့်… ရန်ရှန်းလွေ့က သူ့လက်ကိုပုတ်ချပြီး
![](https://img.wattpad.com/cover/209230932-288-k267262.jpg)
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...