☘️ Chapter 152
☘️ Lying Through The Teeth : Blackmailing Him In His Faceရှင်းယွမ်စားသောက်ဆိုင်သည် ယို ယူရန် ရထားလုံးတွဲအနည်းငယ်ကို မကြာခဏပို့ဆောင်သည့်သတင်းသည်ထိတ်လန့်လောက်အောင် တုန်လှုပ်သွားပါက၊ ယခုတစ်ကြိမ်တွင် ဆိုင်ရှင်ကျန့်သည် လူကိုယ်တိုင်လာရောက်သဖြင့် အံ့သြသွားမည်ဖြစ်သည်။ လင်းဂျင်ရွှမ်၏အိမ်သစ် တံခါးရှေ့တွင် လှည်းနောက်သို့ဆွဲထားသော မြင်းနက်တန်းရှည်ကြီးရပ်တန့်သွားသည်။ ထို့နောက်လင်းဂျင်ပန်၏ဦးဆောင်မှုအောက်တွင် သူတို့ သည်အိမ်ဟောင်းရှိ မြေအောက်ခန်းသို့ လိုက်သွားကြသည်။ ရထားတစ်စင်းပြီးသည်နှင့် နောက်တစ်စင်းရောက်ရှိလာရာ ရွာသားအများအပြားက သူ့အိမ်သစ်ကိုညွှန်ပြရင်း ဝိုင်းပြီးဆဲဆိုခဲ့ကြသည်။
"ကြည့်စမ်းပါဦး! လင်းဂျင်ရွှမ် တကယ်ပွပေါက်တိုးတာပဲ။ သူက မြို့ထဲကရှင်းယွမ်စားသောက်ဆိုင်နဲ့ ရင်းနှီးတယ်လို့ကြားတယ်။”
"ဟုတ်ပါ့၊ ဒီလထဲမှာ သူတို့ အကြိမ်ပေါင်းများစွာ ရောက်လာကြတယ်။ သူ့အိမ်အသစ်ကိုပဲ ကြည့်လိုက်ဦး ရွာနောက်ကမြေပိုင်ရှင်တောင် သူ့အိမ်နဲ့ ယှဉ်လို့မရဘူး။ အနည်းဆုံး ငွေထောင်ဂဏန်းလောက်တော့ ကုန်မယ်ထင်တယ်။”
“သူကိုယ်တိုင်လဲ တရားသူကြီးနဲ့တောင်သိတယ်တဲ့ တရားသူကြီးကို ကျေးဇူးပြုဖူးတယ်လို့ကြားတယ်။ သူ ချမ်းသာလာတာ မထူးဆန်းပါဘူး!"
"အင်း ပိုက်ဆံက သူလုပ်ဖူးတဲ့ စိတ်ပျက်စရာတွေကိုဘယ်တော့မှဖျောက်ဖျက်လို့မရဘူး။ အခုတောင် သူ့နေရာမှာ သူစိမ်းယောင်္ကျားတချို့ကိုနေခိုင်းသေး တာ။ ခွေးက ခွေးပါပဲ..…”
"ကျနော့် အမြင်အရတော့ Xiucai တို့အိမ်ဟောင်းရဲ့ ဖုန်းရွှေက မကောင်းဘူး၊ အဲ့လိုမှမဟုတ်ရင် သူတို့မိသားစုမှာ ဘယ်လိုလုပ် ဒီလောက်များတဲ့ပြည့် တန်ဆာတွေရှိနေနိုင်မှာလဲ"
"ဟားဟား…"
လူအုပ်ကြားထဲမှာ တစ်ချို့က မနာလို၊ တစ်ချို့က သဘောကျကြတယ်။ တစ်ချို့က အရိုးထိအောင်တောင်မုန်းကြတယ်။ လင်းဂျင်ရွှမ်၏မိသားစုနှင့် ကျောက်နှင့်ဟန် ဇနီးမောင်နှံမှလွဲ၍ ဤမျှကြီးမား သောကံကြမ္မာကို သူမည်ကဲ့သို့ပြုလုပ်ခဲ့သည်ကို အခြားမည်သူမျှမသိခဲ့ကြချေ။ အများစုကပိုက်ဆံပေးတဲ့သူက လင်းဂျင်ရွှမ်လို့ထင်နေကြတုန်းပါပဲ။အဲဒါဟာလျှို့ဝှက်ငွေရှာတဲ့ လုပ်ငန်းမျိုးကနေရသမျှပစ္စည်းတွေအကုန်ရောင်းပြီး ဆောက်ထားတယ်လို့သူတို့ထင်ကြတယ်။ မဟုတ်ရင် တစ်ညထဲနဲ့ သူဒီလောက်ချမ်းသာသွားတာကို ဘယ်လိုရှင်းပြမလဲ။

VOCÊ ESTÁ LENDO
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Ficção Históricaတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...