Chapter 60

5.3K 665 6
                                    

Chapter 60
ကွဲလွဲမှုမျိုးစေ့ချခြင်း :  ပေါင်မုန့်နှစ်လုံးကြားက စကားဝိုင်း (2)

လင်းဂျင်ရွှမ်သည် ဤအရာများကို သိရှိရန်မှာမဖြစ်နိုင်ပေ။ အချိန်ကုန်သက်သာရန်အတွက် ညီအစ်ကိုနှစ်ဦးသည် အိမ်နောက်ဘက်ရှိ ချုံပုတ်များကိုဖြတ် ၍ ရွယ်ဟွာတောငသို့ တိုက်ရိုက်သွားကာ အခြားနေ့တွင်တောစပျစ်သီးခူးခဲ့သည့် တောအုပ်ထဲသို့ဝင်သွားကြသည်။ ဝံပုလွေမတစ်ကောင်၏ ခန္ဓာကိုယ်သည်ပျောက်ကွယ်သွားပြီး၊ အရိုးများနှင့် သွေးစွန်းထင်းမှုများသာ ကျန်ရှိတော့သည်၊ အခြားတိရိစ္ဆာန်များ စားပြီးတာဖြစ်ကောင်းဖြစ်မည်။ လင်းဂျင်ရွှမ်လည်းသိပ်ပြီးမစဉ်းစားခဲ့‌ပေ။ ညီအစ်ကိုနှစ်ဦးသည် ဝါးခြင်းတောင်းကိုချ၍ တောစပျစ်သီးများကိုစတင် ကောက်ယူကြသည်။ 

"ကော ကောဘယ်သွားမလို့လဲ "

ဒီရာသီမှာ အသီးအများစုသည် ရင့်မှည့်နေပြီ။ ခဏ ကြာတော့ ဝါးခြင်းတောင်းရဲ့ တစ်ဝက်ကျော်ကို ကောက်လိုက်နိုင်တယ်။ လင်းဂျင်ပန်က သူ့ခေါင်းကိုမော့ကြည့်လိုက်တော့ လင်းဂျင်ရွှမ်ဟာ သူ့ရဲ့ချွန်ထက်တဲ့တံစဉ်နဲ့ ပိုနက်နက်သွားနေတာကို တွေ့လိုက်ရပြီး သူ့မျက်နှာမှာ သံသယအနည်းငယ် ပေါ်လာသော်လည်း အများကြီးမစဉ်းစားဘဲ နောက်ကလိုက်လာခဲ့တယ်။

“အနီးအနားမှာ တခြားတောရိုင်း အသီးတွေရှိမရှိ ကြည့်ချင်တယ် မင်းဒီမှာအရင်ခူးထားနှင့် မကြာခင် ငါပြန်လာမယ်"

လင်းဂျင်ရွှမ်က သူ့ကို "ယုံကြည်မှု"

ပေးကြည့်ဖို့ လှည့်ကြည့်ပေမယ့် သူ့တံစဉ်ကို ဝှေ့ ယမ်း‌နေတာကို မရပ်တန့်ဘဲ သစ်သီးတော်တော်များများက ယိုလုပ်လို့ရပေမယ့် အရသာရလာတဲ့အခါ တောအသီးအနည်းငယ်ဟာ ချိုမြိန်တဲ့အဆင့်ကို ရောက်ရှိသွားနိုင်ပါတယ် စပျစ်သီးအချဉ်ကရေရှည် မှာယိုချက်ဖို့ တတ်နိုင်သမျှအခြားတောအသီးအမျိုး အမယ်တွေကိုရှာရမယ်။ ဆောင်းမရောက်ခင်မှာ အိမ်ဆောက်ရုံမကဘဲ စီးပွားရေးအကြီးကြီးလည်းလုပ်ချင်တယ်။

"သတိထားပါ အရမ်းကြီး နက်မသွားပါနဲ့ တောင်ပေါ်မှာတောရိုင်းတိရစ္ဆာန်တွေအများကြီးရှိတယ်အပြင်း အထန်ကြုံရရင် အရမ်းဆိုးလိမ့်မယ်"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now