CHAPTER 189
"ရိုးရိုးသားသားပြောရရင် ကိုယ့်လက်ကိုသုံးပြီး မင်းတို့ကိုဖြေရှင်းရတာ ငါ့ရဲ့ ဂုဏ်သိက္ခာအောက်မှာ နည်းနည်းလေးခံစားရတယ်။ ငါ့ အနေနဲ့ မင်းတို့ကိုရောင်းချင်ရုံပဲ ဒါပေမယ့် မင်းတို့က ငါ့ကိုတွန်းအားပေးနေကြတယ်၊ ငါသာ မင်းတို့ကို သင်ခန်းစာမပေးခဲ့ရင် ငါက လွယ်နေတယ်လို့ မင်းတို့ တကယ်ထင် နေလိမ့်မယ်!"
သူ့ရှေ့တွင် ထိုင်ချလိုက်ပြီး လင်းဂျင်ရွှမ်က သူ့ကို ငုံ့ကြည့်လိုက်သည်။ ထိုသို့သောစွမ်းရည်ဖြင့် သူတို့ သည် သူနှင့်အတူ လှည့်စားလိုစိတ်ရှိကြသလော ?? တကယ်ကိုအသက်ရှင်နေရတာ ပင်ပန်းနေတာပဲ!
"မင်း...မင်းက အရမ်းရက်စက်တာပဲ..."
ညာဘက်ခြေထောက်မှာ ပြင်းထန်တဲ့ နှလုံးခုန်သံဝေဒနာကိုဆုပ်ကိုင်ထားရင်း စုဂျန်းဟာ သူ့မျက်လုံးထဲမှာ ဖုံးကွယ်ထားတဲ့ မကျေနပ်မှုတွေနဲ့ နာကျင်မှုတွေကိုခံစားနေရတယ်။ လင်းဂျင်ရွှမ်က အေးစက် စက် လှောင်ပြောင်ပြောဆိုလိုက်ပြီး
"ဒါကို မပြောခင် မင်းဘာလုပ်ခဲ့တာလဲဆိုတာ အရင်စဉ်းစားသင့်တယ်။ မနေ့က ငါပြောပြီးပြီ၊ ဒီမိသားစုမှာ ငါတို့မှာ စည်းကမ်းတွေအများကြီးမရှိဘူး။ မင်းကိုယ်ကျင့်တရားနဲ့ မင်းအလုပ်ကောင်းကောင်းလုပ်နေသမျှ ငါမင်းကိုမညှဉ်းဆဲဘူး။ ဒါပေမယ့် မင်း ငါ့အမေကို မစော်ကားသင့်ဘူး။ ယောက်ျားကြီးနှစ်ယောက်က မိန်းမတစ်ယောက်ကိုအနိုင်ကျင့်တယ်။ မင်းတို့ သိက္ခာဘယ်မှာလဲ ဟမ်! ငါ မင်းတို့ကို မသတ်တာပဲ ကရုဏာပြပြီးနေပြီ!"
အစေခံများအနေနှင့် ရှေ့၌ ဂုဏ်အသရေကို အသုံးမပြုဘဲလွှတ်ထားနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ထိုအနင်းခံရှေးဟောင်းပုံစံများကို လုံးဝဂရုမစိုက်ပါ။ လီအန်းနှင့် ချန်းရူဟွာတို့က သူ့အားမိန်းမ နှင့်တူသည်ဟု လှောင်ပြောင်သောအခါ ၌လည်း စိတ်ထဲမထားခဲ့ပေ။ ချန်းရူဟွာက သူ့အမေကိုခြိမ်း ခြောက်မှုအဖြစ် အသုံးချဖို့ပြုလုပ်ခြင်းက သူ့အား မရည်ရွယ်ဘဲ စိတ်ဆိုးစေခဲ့ခြင်းဖြစ်သည်။ သေစေလိုသောဆန္ဒကို ဖိတ်ခေါ်သောကြောင့်သာ
![](https://img.wattpad.com/cover/209230932-288-k267262.jpg)
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...