Chapter 200

3.3K 212 4
                                    


CHAPTER 200


"အမျိုးသမီးဂျန်က ရေကျောက်ပေါက်နေပုံရတယ်။ ဒီအမေနဲ့သမီးက သူတို့ကို မနာလိုဖြစ်မယ်ထင်တယ်၊ ဒါကြောင့် သူတို့ကို စက်ဆုပ်အောင် လာဖို့အချိန်ကိုတမင်ရွေးထားခဲ့တာ။ ကျွတ် ~ လင်းရှောင်ရင်းက လက်ထပ်ဖို့စောင့်နေဆဲကာလမဟုတ်ဘူးလား။ ဘာလဲ ? အိမ်ထောင်မပြုချင်တော့ဘူးလား"

"သေချာပေါက် မှန်တာတော့မဟုတ်ဘူး၊ လင်းဂျင်ရွှမ်က အဆိပ်ကို ဘယ်လိုသုံးရမလဲဆိုတာ သိတယ်၊ သူလည်း နှလုံးသားမရှိမှန်း ငါတို့အားလုံးသိတယ်။ ရေကျောက်မဟုတ်ပေမယ့် အဆိပ်သင့်တာ ပိုဖြစ်မယ်ထင်တယ်။ ဒါပေမယ့် အခုအချိန်အထိ အဆိပ်က ဘယ်လိုလုပ် သက်ရောက်မှုရှိနိုင်မှာလဲ"


"ဘာပဲဖြစ်​ဖြစ်​ Xiucai ​ဟောင်း​တော့ မျက်​နှာပျက်​ရလိမ့်​မယ်​လို့ ကျွန်​​တော်​ထထင်နေတယ်​"


"အမှန်ပဲ ဟားဟား..."


လူအုပ်ကြားတွင် လူများ၏ ရယ်မောသံများ ထွက်ပေါ်လာသည်။ အဲဒီလူတွေက အရမ်းပျင်းတယ်။ အများအားဖြင့်၊ သူတို့က ဒါကို အတင်းအဖျင်းပြောပြီး အချိန်ကုန်တတ်တယ်။ မကြာသေးမီတစ်လ သို့မဟုတ် နှစ်လအတွင်း ၎င်းတို့ အနှစ်သက်ဆုံးအရာမှာ Xiucaiနှင့်လင်းဂျင်ရွှမ်တို့အကြား ပြဿနာများသာဖြစ်သည်။ ထို့အပြင် ဆင်းရဲသားများသည် အနည်းနှင့်အများဆိုသလို ချမ်းသာသူကို မုန်းတီးကြသည်။ သူတို့ နှိမ့်ချခဲ့ဖူးတဲ့ တစ်ယောက်က အခုအခါ အိမ်ကြီးကြီးဆောက်ပြီး အစေခံနဲ့ အိမ်အကူတွေ ဝယ်နေတာ တွေ့လိုက်ရတော့ သူတို့ အရမ်းမတရားသလိုခံစားရပြီး မနာလိုတဲ့ခံစားချက် မျိုးဖြစ်ပေါ်လာကာ နောက်နေ့မနက်မှာ အကုန်ဆုံးရှုံးစေချင်ရုံသာ


"ဘာသက်သေလဲ အမေရဲ့မျက်နှာက အကောင်းဆုံးသက်သေပဲ၊ သူ့မျက်နှာက ဒီလိုမျိုးဖြစ်နေတာ အဆိပ်မခတ်ဘူးဆိုတာ ဘယ်သူက ယုံမှာလဲ။ ငါတို့ရွာမှာ မင်းတစ်​​ယောက်​ပဲ လင်းဂျင်ရွှမ်ကလွဲရင်​ ဘယ်​သူအဆိပ်​ခတ်​ဖို့ အချိန်​ရလိုက်မှာလဲ"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now