☘️ Chapter 103
☘️ Asking for an Explanation; The Overall Arrangement before Dividing up The Family (2)သူ့မေးငေါ့ချက်ကြောင့် အားလုံးရှက်သွားကြသည်ကိုမြင်လိုက်ရသဖြင့် လင်းဂျင်ရွှမ်သည် ဆေးအိုးကိုစားပွဲပေါ်တင်ကာအသံတိုးပြီး
"သူက ငါ့ အမေကို တမင်လဲကျစေတာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် လင်းချန်းဟွာကလွဲလို့ ဘယ်သူမှ သေချာမသိနိုင်ဘူး ဒါပေမယ့် တစ်ယောက်ယောက်က သူ့ကိုပုံမှန်မဟုတ်ပဲသွေးဆင်းတဲ့ဖြစ်ရပ်ဖြစ်အောင်လုပ်ထားခဲ့တယ်။ ငါ့အမေရဲ့ဆေးမှာသစ်ကြံ ပိုးခေါက်ထည့်ထားခဲ့တယ်ဆိုတာ ငြင်းလို့မရတဲ့ အ ထောက်အထားတွေ့ခဲ့ရတယ်။ ပြီးတော့ အဲ့ဒီလူကလည်း ဒီမိသားစုထဲမှာပဲရှိနေလိမ့်မယ်။ ဒီကိစ္စနဲ့ပတ် သတ်ပြီးတော့ ခင်ဗျားတို့ရှင်းပြပေးသင့်တယ်လို့ မထင်ဘူးလား ?"
"ဟမ်..."
ထိုစကားကိုကြားတော့ အခန်းထဲရှိလူများသည် မယုံကြည်နိုင်စွာလင်းဂျင်ရွှမ်စားပွဲပေါ်တင်ထားသည့်အမှိုက်များကိုစိုက်ကြည့်နေခဲ့ကြသည်။ ရွာသူရွာ သားများအတွက် တစ်စုံတစ်ဦးကိုအမှန်တကယ်သတ်ရန်သတ္တိမရှိသော လူအနည်းငယ်သာရှိသော ကြောင့် လင်းဂျင်ရွှမ်၏စကားများကသူတို့အားအကြီးအကျယ်ထိတ်လန့်စေခဲ့သည်။ ထိုအချိန်တွင် လင်းဂျင်ရွှမ်၏မျက်လုံးများသည် ရေဒါကဲ့သို့ ၎င်းတို့အားလုံးအပေါ်သို့ လျင်မြန်စွာဖြတ်သွားခဲ့သည်ကိုမည်သူမျှသတိမထားမိခဲ့ပေ။ လင်းဂျင်ဝေကိုမြင်လိုက်သောအခါတွင် သူ့မျက်နှာပေါ်တွင်မြင်လိုက်ရသည့်အရာမှာ ထိတ်လန့်တုန်လှုပ်မှုဖြစ်သော်လည်း သတိမထားမိလောက်အောင်နာကြည်းမှု၊ကြောက်ရွံ့ ထိတ်လန့်မှုများကြောင့် သူ့မျက်နှာသည်ပြန်လည်တောက်ပလာခဲ့သည်။
ဒီအချိန်မှာ သူ့အမေရဲ့အသက်ကို ဘယ်သူလိုချင် နေတယ်ဆိုတာ သေချာသလောက်ပင်။
"မဖြစ်နိုင်ဘူး ! မင်း အဓိပ္ပာယ်မရှိတဲ့စကားတွေမပြောနဲ့!"
အချိန်အတော်ကြာပြီးနောက်၊ လင်းချီရန်ကလျှပ်တပြက်ဆိုသလို သူ့ကိုလက်ညှိုးညွှန်ပြရင်း ပေါ့ပေါ့ပါးပါးလှုပ်ယမ်းသွားသည်။ သူ ဒါကို ယူလာခဲ့ပြီးသွားပြီဆိုတာ သိသာပါတယ်။
![](https://img.wattpad.com/cover/209230932-288-k267262.jpg)
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...