Chapter 106

4.9K 541 17
                                    

☘️ Chapter 106
☘️ ရွှေ့ပြောင်းခဲ့ပြီးနောက် (၂)

"အဘိုး ၊ အဖွားက အားနည်းနေသေးတယ်၊ ဖေဖေ့စကားကိုနားထောင်ပါ"

လင်းချန်းလုံသည် တုံ့ဆိုင်းနေသေးသည်။ လူတိုင်း အံ့သြမိတာက တွန့်တိုတဲ့ လင်း၀မ်က သူ့ကိုအပြင်မသိမသာ အပြင်ထွက်ဖို့ဆွဲခေါ်လာပြီး မမျှော်လင့်ဘဲအစပြုခဲ့တယ်။

“ဒါပေမယ့်… ဒါပေမယ့်…”

လင်ချန်လုံက စကားပြောနေတုန်းမှာ ရှားရှားပါးပါး သူ့မြေးဖြစ်သူက ရက်ရောနေတဲ့ အရာတစ်ခုပါ… ဒါကိုမြင်တော့ လင်းဂျင်ပန်က သူ့ကို ညင်သာစွာ တွန်းအားပေးပြီး

“အဖေ၊ အဖေက အစ်ကိုကြီးပြောတာကို နားမထောင်ရင်တောင် ရှောင်ဝမ်ပြောတာကို အဖေနား ထောင်သင့်တယ်။ ရှောင်ဝမ့်အကြောင်း အဖေသိပါတယ်၊ရှောင်၀မ်က ဒီလိုရက်ရောတာမျိုးက ရှားတယ်နော်"

" ဦးလေး! "

သူ့အဖေကိုဖြားယောင်းသွေးဆောင်ရင်းနဲ့ ရှောင်၀မ် ကို စနောက်ဖို့လဲမမေ့သေးပါဘူး။ ရှောင်ဝမ်သည် ချက်ချင်းပင် သူ့ကိုအပြင်းအထန် စိုက်ကြည့်တော့ သည်။ ဒီဖြစ်ရပ်ကိုမြင်တော့ အားလုံးကရယ်မောလိုက်ကြပြီး အအျိုးသမီး၀မ်က

" ဒါဆိုပဲ ကောင်းပြီ၊ ရှင့်ရဲ့သား ပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါ"

“အာ !”

သူမ၏စကားကြောင့် လင်းချန်လုံသည် တုံ့ဆိုင်းမနေတော့ဘဲ ပေါင်မုန့်လုံးလေးနှစ်လုံးကိုလက်ဆွဲကာ အိမ်နောက်ဖေးသို့လိုက်သွားခဲ့သည်။ လင်းဂျင်ရွှမ်ကကူကယ်ရာမဲ့စွာ ခေါင်းခါရင်းနောက်ပြန်လှည့်ကာ

“မေမေ၊ အဖေ ကောင်းကောင်းအနားယူလိုက်ဦး ဂျင်ပန်နဲ့ ကျွန်တော် အပြင်သွားလိုက်ဦးမယ်။"

“အင်း၊ ငါ့အတွက် စိတ်မပူနဲ့။ နှစ်ရက်လောက်နေရင် နေပြန်ကောင်းလာလိမ့်မယ်။"

ခဏအကြာ ရန်ပွဲဖြစ်ပြီးနောက်လင်းဝမ်သည်လည်း စိတ်အခြေအနေပိုကောင်းလာပြီး ပိုသွက်လက်စွာ ပြောဆိုခဲ့သည်။ ညီအစ်ကို သုံးယောက်သည် တိတ် တဆိတ်အကြည့်ချင်းဖလှယ်ကာ တယောက်ပြီးတယောက်ထွက်သွားကြသည်။

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now