🍀 Chapter - 11 ‌

9.2K 1K 9
                                    

🍀 Chapter - 11 ‌


"ဘယ်လိုလုပ်အရသာရှိနေရတာလဲ ဖေဖေ နေ့တိုင်း ငါးဟင်းသာဆိုရင်..."

ဖောင်းနေတဲ့ဗိုက်လေးကိုကိုင်ပြီး အားရကျေနပ်နေတဲ့မျက်နှာနဲ့  နှုတ်ခမ်းကိုတင်းတင်းစေ့ရင်း ပြောနေခဲ့တယ်၊ လင်းဂျင်ရွှမ်က သူ့ခေါင်းကို ပွတ်သပ်ကာ

"အဲ့လိုဆို မရိုးသွားဘူးလား ?  မနက်ဖြန် ဖေဖေ မင်း အတွက် တစ်ခုခုထပ်ဖမ်းပေးမယ် "

" ဟမ်... တော်ပါပြီ ဖေဖေ တစ်ခုခုဖြစ်သွားမှာ သား ကြောက်တယ် ... "

ဟု ဆိုကာ ပေါင်မုန့်လုံးလေးမျက်နှာပေါ်က အပြုံးသည် ရုတ်ချည်းပျောက်ကွယ်သွားခဲ့သည်။ နှုတ်ခမ်းဆူနေခဲ့ပြီး ဆီဘူးကိုလှမ်းယူ ထားဖို့ အဆင်သင့်ဖြစ်လုနီးပါးဖြစ်နေခဲ့ပြီ သူ့ပုံစံသည် စိတ်မသက်မသာဖြစ်စရာတစ်ခုခုကို တွေးနေသည်မှာသေချာသည်။ 

တစ်ဖက်က ပေါင်မုန့်လုံးကြီးရဲ့ သူ့မျက်နှာလည်း မည်းမှောင်သွားပြီး

“သားတို့ ငါးမစားတော့ဘူး ဖေဖေ၊ နောက်ထပ် ငါးဖမ်းဖို့ မကြိုးစားနဲ့တော့” ဟု တိုးတိုးလေးဆိုလာသည်။

သူတို့ဖေဖေက ဘဝကိုဘယ်လိုနေထိုင်ရမယ်ဆိုတာမသိပေမယ့် သူတို့ ဒီဖေဖေကိုအရမ်းသဘော ကျတဲ့အတွက် မဆုံးရှုံးချင်ဘူး။ 

"ရယ်လျက်~ ... ကောင်းပြီ .. ငါးဖမ်းဖို့ပိုက်ကွန်သုံးကြရင်ကော ?? မနေ့က ရွယ်ဟွာမြောင်း အောက်ခြေမှာ ငါးအကြီးကြီးတွေအများကြီးရှိတာတွေ့ခဲ့တယ် ၊ မင်းတို့ အဖိုးနဲ့အဖွား လာတဲ့ရက်ကြရင် ပိုက်ကွန်သေးသေးလေးဝယ်ခိုင်းလို့ရတယ်လေ ၊ ငါတို့ ငါးတွေအများကြီးဖမ်းပြီး ပြန်ရောင်းလို့ရတာပေါ့"

မနေ့ညက ဟင်းချက်တဲ့အဖြစ်အပျက်အပြီးမှာ လင်းဂျင်ရွှမ် ပေါင်မုန့်လုံးကြီးရဲ့အကျင့်တချို့ကို သိလိုက်ရသည်။  ငွေရှာတဲ့ကိစ္စဖြစ်နေသရွေ့ သူဘယ်တော့မှကန့်ကွက်မည်မဟုတ်ချေ။ 

" တကယ် ?? "

သူတို့ ငွေရှာနိုင်သည်ကို ကြားလိုက်ရသည်နှင့် ပေါင်မုန့်လုံးကြီးသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာလေးနီရဲလာသည်။ လင်းဂျင်ရွှမ်သည် ကူကယ်ရာမဲ့သက်ပြင်းချကာ သူ့အားကြည့်လာသောစိတ်လှုပ်ရှားနေသည့် မျက်လုံးများအောက်ခေါင်းညိတ်ပြရင်း၊ လူသား၏သဘာဝအတိုင်း မက်မောသောစိတ်သည် ငွေ၏သွေးဆောင်မှုကို တွန်းလှန်ရန် မမျှော်လင့်ဘဲပျက်ကွက်သွားသည်။သြော် သူ့ရဲ့ပေါင်မုန့်လုံးကြီးက နည်းနည်းလေးတော့... သိတယ်မလား ??

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now