☘️Chapter 121
☘️အိမ်ကြီးဆောက်ရန် လူများငှားရမ်းခြင်း (၃)"လူငယ်လေးလင်း ဒါက ဘာလဲ"
ပန်းချီကားများကို အပြန်ပြန်အလှန်လှန်သုံးသပ်ပြီးနောက် ပင်မအိမ်၏နံရံကြားရှိ ကွက်လပ်များကို လက်ညှိုးထိုးပြကာ အံ့ဩစွာမေးသည်။ တစ်သက်လုံး အိမ်တွေဆောက်လာတာ ဒီလို နှစ်ထပ်ဆောက်တာမျိုးကို တစ်ခါမှမတွေ့ဖူးဘူး။
လင်းဂျင်ရွှမ်သည် မျက်လုံးများဖြင့် ငုံ့ကြည့်ကာ
"ဒါက ကျွန်တော်ကိုယ်တိုင် ရေးဆွဲထားတဲ့ အပူပေးတဲ့အစီအစဉ်ပဲလေ။ နံရံများကြားမှာ မီးဖိုချောင်နှင့် အပူပေးထားတဲ့ အုတ်ကုတင်ကို ချိတ်ဆက်ထားပြီးတော့အတွင်းမှာ အပေါက်နှစ်ထပ်ရှိတယ်။အဲ့တာ တွေကို အသုံးပြုတဲ့အခါမှာ နံရံအတွင်းရှိအလွှာများကနေတဆင့် အပူက အခြားအခန်းတွေဆီကို ကူး ပြောင်းသွားလိမ့်မယ်။ မီးဖိုချောင်တစ်ခုစီမှာ ဝင် ပေါက်ဝတွင် ရွှေ့နိုင်တဲ့အထူပြားတစ်ခုရှိတယ်။ ပြီးတော့ နွေရာသီမှာ အဲ့အပူဒဏ်ကို တားဆီးဖို့အတွက်လဲ သူတို့ကိုထားထားလို့ရတယ်။”
ယခုခေတ်တွင် ဗဟိုအပူပေးခြင်း မရှိသောကြောင့် နွေးထွေးစေရန် အုတ်ကုတင်ကို အားကိုးရန် မလုံ လောက်ပေ။ ဆောင်းရာသီတစ်ခုလုံး အိပ်ယာထဲမှာပဲနေရန်မဖြစ်နိုင်ပေ။ မီးသွေးကိုနွေးအောင် မီးရှို့နိုင်ပေမယ့် ကျန်းမာရေးအတွက်ဆိုးရွားတဲ့ မီးခိုးတွေ ရှိနေတယ်။ အဲဒါကို အပြန်ပြန်အလှန်လှန်တွေးကြည့်ကာ သူက နှစ်ဆယ့်တစ်ရာစုက ဟဖွာတိုင်း ပြည်ရဲ့မြောက်ဘက်မှာရှိတဲ့ အပူပေးစနစ်နဲ့ ဆင်တူတဲ့ ဒီအစီအစဉ်ကိုအကောင်အထည်ဖော်ခဲ့သည်။ ဒါပေမယ့် ပိုရိုးရှင်းတဲ့အတွက်တကယ်တမ်းပြောရရင် ဒီမှာက အခြေအနေတွေကအကန့်အသတ်ရှိသည်။
"ဒီမှာ အိမ်သာရှိသင့်တယ်မဟုတ်လား ပြီးတော့ ဒါကဘာလဲ ?"
အခြားသူတစ်ဦးက သူနားမလည်နိုင်သည့်အရာများကို ညွှန်ပြပြီးမေးသည်။ လင်းဂျင်ရွှမ်က စိတ် ရှည်ရှည်နဲ့ ရှင်းပြတယ်
"ဒါက ကျောက်ပန်းရံလုပ်ဖို့လိုတဲ့ အနီးနားက ထိုင်ခုံပါ။ မင်းတို့ငါ့ကို ကူညီဖို့ပဲလိုတယ်"

YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...