☘️ Chapter 156
☘️ Dividing The Money : Another Round Of Persuasion (2)"မင်း ၊ ဒီမြေပေါ်မှာ တစ်ခုခုပေါက်နိုင်တာလား ??"
အစတုန်းကတော့ သူပြောသလိုပဲလို့ထင်ခဲ့ကြပေမယ့်...သူ့ရဲ့ယုံကြည်မှုရှိတဲ့မျက်နှာကိုကြည့်လိုက်တော့ ဟန်ဖေးလည်း ယုံလုနီးပါးပင်။ သူတို့က လယ်သမားတွေလေ။ မြေမရှိပဲ ဘယ်လိုနေနိုင်မှာလဲ။ အရင်က မြေဝယ်ဖို့ပိုက်ဆံမရှိဘူး။ အခုဆားမြေက တစ်ခုခုတကယ်ပေါက်နိုင်တယ်ဆိုမှတော့ သူ့မှာရှိသမျှ အကုန်ပြောင်သွားရင် တောင်လိုချင်တယ်။ ဘယ်သူကပိုက် ဆံမရှာချင်ဘဲ တခြားသူကိုကြည့်ခွင့်ပေးထားမှာလဲ။ သူတို့အနိုင်ကျင့်ခံရတဲ့ နေ့ရက်တွေက သူ့အတွက်တကယ်ကိုလုံလောက်နေခဲ့တယ်။ ဖြစ်နိုင်လျှင် တိုင်၀မ်အတွက်ပိုမိုတောက်ပ သောအနာဂတ်ကိုဖန်တီးပေးနိုင်စေရန်သာ ဆန္ဒရှိခဲ့သည်။
“အင်း ငါ့မှာ ကိုးဆယ်ရာခိုင်နှုန်း ယုံကြည်မှုရှိတယ်၊ ကျန်တဲ့ ဆယ်ရာခိုင်နှုန်းက ကောင်းကင်ဘုံရဲ့ကောင်းချီးကိုပဲအားကိုးရမယ်။ ငါတို့အတွက် အဲဒါတာကကြီးမားတဲ့လောင်းကစားတစ်ခုဆိုတာ သံသယဖြစ်စရာမရှိဘူး။ ငါတို့ကျရှုံးရင် ငါတို့စုဆောင်းထားတဲ့စုဆောင်း ငွေအားလုံးကို ဆုံးရှုံးသွားမှာကိုပဲ ငါကြောက်တယ်၊ ဆန့်ကျင်ဘက်အနေနဲ့ ငါတို့အောင်မြင်ခဲ့ရင်၊သုံးနှစ်အတွင်းမှာ စန်ကျိုးတစ်ခုလုံးကိုတောင် ကျော်သွားနိုင်မယ်ဆိုတာသေချာတယ်။ ချင်တိုင်းပြည်တစ်ခုလုံးမှာ ငါတို့နာမည်တွေကြားရလိမ့်မယ်။ ဒီလိုဆိုရင်ကော ? အစ်ကိုကျောက် အစ်ကိုဟန် မင်းတို့ ငါနဲ့ အတူ အလောင်းအစားလုပ်ကြည့်ချင်ကြလား ?"
ရည်မှန်းချက်သည် လူ့တိုးတက်မှုအတွက်အခြေခံဖြစ် သည်။ အကယ်၍ လင်းဂျင်ရွှမ်တစ်ယောက် တည်းသာ လက်ရှိအနေအထားကို ရောင့်ရဲနေပေလိမ့်မည်။ ယခုရရှိသောငွေဖြင့် သူသည် သူ့ဘဝကို ကောင်းမွန်စွာ ရပ်တည်နိုင်မည်ဖြစ်သည်။ ဒါပေမဲ့ သူ့မှာ ပေါင်မုန့်လေးတွေ သူ့မိဘတွေနဲ့ ညီအစ်ကိုတွေ မြင့်မြတ်တဲ့လက္ခဏာရှိတဲ့ အမျိုးသားတစ်ယောက်ကိုလည်းရခဲ့တယ်။ ဒါကြောင့် အနာဂတ်မှာနေရာတော်တော်များများအတွက် ပိုက်ဆံလိုတယ်။ ဒါကြောင့် တတ်နိုင်သလောက်ဝင်ငွေရှာထားရမယ်။ ငွေပမာဏတစ်ခုကိုစုဆောင်းပြီးမှသာ သူသွားလေရာရာပြောဆိုပိုင်ခွင့်ကိုပိုင်ဆိုင်နိုင်နေလိမ့်မည်ဖြစ်သည်။
![](https://img.wattpad.com/cover/209230932-288-k267262.jpg)
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...