အခန်း (၁၈)ဒါပေမယ့် ညီလေးအပေါ် အစ်ကိုကြီးရဲ့ဂရုစိုက်တဲ့ ခံစားချက်ကို သူခံစားလို့ရခဲ့တယ် ဒါ့အပြင် သူ စိတ်သက်သာရာရသလိုလည်း ခံစားရတယ်....... သူ့အစ်ကိုကြီးက သူ့ကို အမှန်တကယ် ကုသပေးနိုင်သည်ဖြစ်စေ မကုပေးနိုင်သည်ဖြစ်စေ ၊ အနဲဆုံးဘယ်သူမှ သူ့ကိုအနိုင်ကျင့်ရဲတော့မှာမဟုတ်ဘူး... တစ်နေ့ကျရင်တောင်... သူ့မိဘတွေနဲ့ ညီငယ်တွေက သူ့ရဲ့ကာကွယ်ပေးမှုအောက်မှာ ဘယ်တော့မှအနိုင်ကျင့်ခံရမှာမဟုတ်တော့ဘူး...ဒီလောက်ဆို လုံလောက်ပါပြီ....
"ဖေဖေ ဘာအကြောင်းပြောနေတာလဲ"
ညီအကိုသုံးယောက်လုံး တိတ်ဆိတ်သွားကြသည် ထိုအချိန်တွင် သေးငယ်တဲ့ ပေါင်မုန့်လုံးလေးက သူ့အဖေ၏ ခြေထောက်များပေါ်သို့ တက်သွားပြီး အေးစက်နေတဲ့ရေခဲတုံးကို ချိုးဖျက်လိုက်ပြီး အပြစ်ကင်းတဲ့ မျက်လုံးလေးတွေနဲ့ သူ့ကိုကြည့်နေခဲ့သည်။ ညီအစ်ကိုသုံးယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကာ ရယ်မောလိုက်ကြသည်။
"ဟဟားးး....ဟဟားး...."
လင်းဂျင်ရွှမ်က ဒေါသဟန်ဆောင်ပြီး သူ့ကိုအလျင် အမြန်ပြောလိုက်တယ်
"ကလေးလေး....ဒါက လူကြီးတွေတဲ့ကိစ္စကွ လာလာ မင်းရဲ့ ဒုတိယဦးလေးအတွက် ရေသွားယူေပးလိုက်ဦး..."
မင်းက လူဆိုးလေးပဲ ခြေသုတ်အခင်းကိုဆွဲဖို့လုပ်နေတာလား ?? နေဝင်သွားသောအခါ လင်းဂျင်ရွှမ်သည် ငါးဟင်းစွတ်ပြုတ်အားအိုးကြီးတစ်အိုးနှင့် တောရိုင်းဟင်းသီးဟင်းရွက်နှင့်ပြောင်းဖူးစေ့တစ်အိုးကိုလည်း ပြုလုပ်ခဲ့သည်။ ကပ်စေးနှဲပေါင်မုန်လုံးကြီးရဲ့ စိတ်ဆင်းရဲနေသည့်အမူအရာကို မြင်ယောင်ကြည့်လို့ရနိုင်သည်။ ဒါပေမယ့် ဒီတစ်ခါတော့ ဖေဖေနဲ့
ဖေဖေ နောက်ထပ်မပြောတော့ဘူး....(T/N: 🤣🤣)
လင်းဂျင်ရွှမ်လည်း သူ့နှလုံးသားကို လက်မထောင်နိုင်အောင် မကူညီနိုင်ခဲ့ဘူး...ဒါက မပြောပလောက်ပါဘူး ဒါပေမယ့် အနည်းဆုံးပိုက်ဆံထက် မိသားစုက ပိုအရေးကြီးတယ်ဆိုတာ သူသိတယ်မဟုတ်လား ?
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...