☘️ Chapter 90
☘️ နောက်ဆုံး သူတို့မိသားစုလေးပြည့်စုံသွားပြီ (၁)"မနက်အစောကြီး ဘာတွေကြည့်နေကြတာလဲ"
နောက်တစ်နေ့တွင် လင်းဂျင်ရွှမ်သည် မျက်လုံးဖွင့်လိုက်သောအခါတွင် ကုတင်ပေါ်တွင်လှဲလျောင်းနေသောပေါင်မုန့်နှစ်လုံးသည်မျက်တောင်တောင်မခတ်ဘဲသူ့အား စိုက်ကြည့်နေသည်ကိုမြင်လိုက်ရသည်။ သူတို့၏ ပါးစပ်ထောင့်တွင် အပြုံးတစ်ခုပျံ့နှံ့သွားသည်ကို မသိစိတ်ဖြင့်မြင်လိုက်ရသည်။ လင်းဂျင်ရွှမ်သည် သူ၏ရှည်လျားသော ဆံပင်ရှည်များကို ပျင်းရိစွာဘေးသို့သပ်လိုက်ပြီး ပေါင်မုန့်နှစ်လုံး၏ နဖူးကိုပုတ်ရန် သူ့လက်ချောင်းများကို ဆန့်ထုတ်လိုက်သည်။ တကယ်ပဲ သူတို့နှစ်ယောက်ဖြစ်နေတာကိုတွေ့လိုက်ရတော့ သူ့ရင်ထဲကစိုးရိမ်စိတ်တွေအကုန်ပျောက်ကွယ်သွားခဲ့ပါပြီ။
"ဖေဖေ နိုးပြီလား ? မနေ့ထဲက အိပ်ပျော်နေတာ ကြောင့် သာစတို့ နှစ်ယောက်လုံး အရမ်းစိတ်ပူနေကြတာ အဖွားကပြောတယ် ဖေဖေအရမ်းပင်ပန်းနေလို့ သားတို့က ဖေဖေ့ကို မနှောင့်ယှက်ပဲနေပေးဖို့ပြောထားခဲ့တယ်။ သားတို့ကိုယ်တိုင် ဝက်လေးတွေနဲ့ကြက်လေးတွေကို အစာကျွေးဖို့ကူညီပေးခဲ့တယ်။ သူတို့အားလုံးက နာခံမှုရှိတယ် ပြီးတော့ ...ပြီးတော့.... "
အိပ်ရာကနိုးလာတာကိုမြင်လိုက်ရတော့ ပေါင်မုန့်လုံးလေးက သူ့ဆီတွားသွားကာ သူ့ကိုတိုက်ရိုက် ဆုပ်ကိုင်လိုက်ပြီး သူ့ရဲ့ စကားပြောပုံးစွမ်းရည်ကို ပြသသည့်အနေဖြင့် ရှည်လျားလှသော အရာများ ကိုပြောပြနေခဲ့သည်။ သူ့လက်ကို ကိုင်ထားရင်း လင်းဂျင်ရွှမ်သည် တစ်ဖက်သား၏ ပံ့ပိုးမှုဖြင့် ထထိုင်ဖို့ကြိုးခဲ့တယ် သူ့မျက်လုံးထဲတွင် ကလေးများအား တုန်နေအောင်ချစ်သည်ကို ဖုံးကွယ်ထားခဲ့သည်။ ဘေးက လင်း၀မ်က တစ်ခုခုပြောချင်နေပုံရပေမယ့် လင်းဝူရဲ့အစ်ကိုကြီးတစ်ယောက်အနေနဲ့ သူပြောလို့ပြီးတဲ့ထိစောင့်နေခဲ့တယ်။
"ဖျံပေါက်လေး ၊ အဲဒီ ဝက်လေးတွေက ဖေဖေတို့ပိုင်တယ်လေ ကူပြီးအစာကျွေးတယ်ဆိုတာက ဘာကို ဆိုလိုတာလဲ ? သူတို့ကို ၀ယ်ကတည်းက ဖေဖေပြောခဲ့ပြီးသားလို့ထင်တယ် အဲ့ဒီအကောင်ပေါက်လေးတွေကိုဂရုစိုက်ဖို့ မင်းမှာ တာ၀န်ရှိတယ်လေ"
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...