Chapter 131
သိးခြားစီလုပ်ဆောင်ခြင်း ၊ မိသားစုဘဏ္ဍာရေးနောက်တစ်နေ့မနက်တွင် လင်းဂျင်ရွှမ်နှင့် ရန်ရှန်းလွေ့စောစောထသည်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီးနောက်တစ်ယောက်က ရွယ်ဟွာမြစ်၌ ငါးဖမ်းရန် လက်တွန်းလှည်းကိုဆွဲထုတ်နေပြီး ကျန်တစ်ယောက်က ပေါင်မုန့်နှစ်လုံးနှင့် ရှောင်ဟူကို ခြံဝင်းအတွင်း ကိုယ်ခံပညာလေ့ကျင့်ရန် တွန်းအားပေးခဲ့သည်။ ချက်ပြုတ်ခြင်းနှင့် သန့်ရှင်းရေးအတွက် အားလုံးကို ဆုန်းကန်နွီ၏မိသားစုထံထားခဲ့သည်။ ရိုးရှင်းသော ခြံဝင်းထဲတွင် ကလေးများ၏ အပြစ်ကင်းစင်ပြီး ချစ်စဖွယ်ပြုံးရယ်သံများကို တစ်ချက်ကြားနိုင်သည်။
စားသောက်ဆိုင်မှ တစ်စုံတစ်ယောက်က ငါးလာယူပြီးနောက် အာမခံသူလျူသည် အလုပ်သမားသုံးဆယ်ကို လူကိုယ်တိုင်လာရောက်ခေါ်ဆောင်ပေးခဲ့သည်။ လူတိုင်းသည် သန်မာပြီးအသားညိုသူများ အာမခံသူလျူသည် ဤအရာအပေါ် အတွေးများစွာထည့်ထားသည်ဟုပြောနိုင်သည်။ လင်းဂျင်ရွှမ်၏ အိမ်ကိုမြင်ပြီးနောက် စက္ကန့်ပိုင်းမျှသံသယရှိခဲ့သော် လည်း မကြာမီမှာပင် ပျောက်ကွယ်သွားခဲ့သည်။ လင်းဂျင်ပန်နှင့် ဂျင်ဟန်တို့သည် အလုပ်သမားများအတွက်အလုပ်စီစဉ်ညွှန်ကြားပေးသည့် တာ၀န်အရစွန့်ပစ်မြေယာများဖွင့်ရန် ခေါ်ဆောင်လာကြသည်။
“ မွေးစားဖေဖေ ၊ မွေးစားဖေဖေ…”
ရထားလုံးကိုရပ်ပြီးနောက် သူ၏အဝတ်အစားအသစ်ဝတ်ထားသည့် တိုင်၀မ်သည် ပျော်ရွှင်စွာ ခြံဝင်းထဲသို့ ပြေးသွားကာ သန့်ရှင်းသောအဝတ်အစားကို ၀တ်ထားသည့် ဟန်ဖေးနှင့် ကျောက်ဒါလောင်တို့လည်း စိတ်လှုပ်ရှားစွာနောက်မှလိုက်လာကြသည်။ သူတို့အဖော်ကိုမြင်တော့ ပေါင်မုန့်လုံးနှစ်လုံးက သူတို့ကိုကြိုဆိုဖို့ ရှေ့ကိုတိုးလာကာ သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် လက်ချင်းဆုပ် ကိုင်ကာ ရွှင်လန်းစွာဝိုင်းဖွဲ့နေကြသည်။
“ဟီးဟီး…သတိထားဦး။ မင်းအဝတ်အစားတွေကို မညစ်ပတ်စေနဲ့ဦး"
သူတို့ကိုကြည့်လိုက်ရင်း လင်းဂျင်ရွှမ်က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။ ကျောင်းတက်ရတာ ဒီလောက်ပျော်ဖို့လိုသလား။ အခုမှ မူလတန်းအဆင့်ပဲရှိသေးတယ်။
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...