Chapter 26
ပိုက်ဆံသုံးတာက သူ့အသားကို ဖြတ်တာနဲ့တူတယ် (2)
ဒီသားအမိနှစ်ယောက်က ယောက်ျားတစ်ယောက်အကြောင်းကို ငြင်းခုံနေကြတဲ့အတွက် ကောက်ရိုးကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ အမျိုးသားက မျက်ခွံတွေလှုပ်နေတာကို သူတို့နှစ်ယောက်လုံး သတိမထားမိလိုက်ကြပါဘူး။ သူ့မျက်လုံးတွေကို ဖြည်းညှင်းစွာဖွင့်လိုက်ပြီး အခိုက်အတန့်တွေကို ခဏတာမေ့ပစ်လိုက်တယ်။ တချိန်တည်းမှာပင် ဗာဒံစေ့သဏ္ဍာန်မျက်လုံးလေးတစ်စုံနှင့် အတူပေါင်မုန့်လုံးလေးနှစ်လုံးသည် သော့ခတ်ထားသောအခန်းအပြင်၌ များများပြောလေလေ တုန်လှုပ်လေလေပင်ဖြစ်နေကြသည်။ ထိုလူ၏မျက်နှာအား ကြည့် မိလိုက်လျှင် အခုငါအကုန်လုံးသိတယ်ဆိုတဲ့ပုံဖြစ်နေခဲ့ပြီးနောက်တွင် တစ်ခါမှမနိုးထရသေးသကဲ့သို့ မျက်လုံးများကို မှိတ်ထားလိုက်သည်။
"ရှောင်ဝူ ၊ ငါတို့ကြားလိုက်ရတာကို ဖေဖေ အပါ အဝင် တခြားသူတွေသိကြမှာ မဟုတ်ဘူး "
ဟုတ်ပါတယ်၊ ခုနကမှ ပြန်လာတဲ့ပေါင်မုန့်နှစ်လုံးက သူတို့ ပြောသမျှစကားအကုန်လုံးကို ကြားသွားမှန်း သူတို့ သတိမထားမိလိုက်ကြဘူး။ ပေါင်မုန်လုံးကြီး သည် ပေါင်မုန်လုံးလေးကို အိမ်နောက်ဖေးသို့ တိတ် တဆိတ်ဆွဲခေါ်သွားခဲ့သည်။ ၎င်းတို့အသက်အရွယ်အရ စကားလုံးတွေရဲ့ အဓိပ္ပါယ်ကို အားလုံး နားမလည်နိုင်သေးသလို ၊ ၎င်းတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို နားလည်နိုင်ပေမယ့်လည်း ပထမအချက်က အဲဒီလူဟာ သူတို့ရဲ့ အဖေဖြစ်နိုင်ဖွယ်ရှိပြီး ဒုတိယအချက်ကတော့ အဲဒီလူကို သူတို့ဖေဖေက မကြိုက်ပါဘူး။ ဖေဖေက သူ့ကိုမကြိုက်တဲ့အတွက်လည်း သူလည်းမကြိုက်ပါဘူး... သူသည် ငယ်သော်လည်း၊ ထိုလူကြောင့် သူတို့ အလွန်ဒုက္ခရောက်ခဲ့ရကြောင်းမှာ ရှင်းရှင်းလင်းလင်းပင် သိသာနေသည်။
"ဘာကြောင့်လဲ သား ဖေဖေ လိုချင်တယ်လေ"
ပေါင်မုန်လုံးလေးသည် ခေါင်းငုံ့ကာ လက်ညိုးဖြင့် မျက်လုံးမှ မျက်ရည်များအား ပွတ်သပ်ကာ ရွာသူ ရွာသားများက မိခင်မရှိတဲ့ မကောင်းဆိုး ဝါးလေးများဖြစ်ကြသည်ဟု ကျိန်ဆဲကြပြီး ယခုအခါတွင် ဖခင်ဖြစ်သူ ပြန်လာပြီဖြစ်သဖြင့် ၎င်းတို့၏ အိမ် သည် ပိုကောင်းပြီး ပိုကောင်းလာမည်ဖြစ်သည်။ ဘာ့ကြောင့် ဝှက်ထားရတာလဲ။
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...