CHAPTER 190
လင်းဂျင်ဟန်နှင့် သူ့အစ်ကိုတို့သည် ဆံပင်များဆုံး ရှုံးပြီး ရောင်းစားလိုက်ကြသောကြောင့် တည်းခိုနေသူများသည် နောက်တဖန်မတွေးဝံ့ကြပေ။ အမျိုးသမီး၀မ်၊ လင်းဂျင်ဟန် နှင့် လင်းဂျင်ပန်တို့အားလုံးရွေးချယ်ထားသူများမှာ အဆင်မပြေကြသော်လည်း ချီးမွမ်းထိုက်သည်မှာ လင်းမိသားစုတွင် အရိုးသားဆုံးသူအားရွေးချယ်ထားသော လင်းချန်းလုံသည် ဂျင်ချန်းနှင့်ပတ်သတ်ပြီး အတော်လေးစိတ်ငကျနပ်မှုရှိတယ် ၊ အကျင့်စာရိတ္တလည်း ကောင်းမွန်ပြီး ၊ စကားအနည်းငယ်သာပြောလေ့ရှိသည်။ ပုံမှန်အားဖြင့်တော့ခေါင်းငုံ့ပြီး သူ့အလုပ်ကိုလုပ်တယ်။ ယခုအခါ သူ့ဇနီးနဲ့ သားတို့ရှေ့မှာခေါင်း ကိုမြင့်မြင့်မတ်ထားနိုင်တဲ့ အခွင့်အရေးကိုရရှိခဲ့ပါတယ်။
သုံးရက်အကြာတွင် အာမခံသူလျူသည် လင်းဂျင်ရွှမ်အတွက် စာရွက်းစာတမ်းများပေးပို့ရန်လာသော အခါတွင် ၎င်းက သူ့ကိုဆက်လက်တောင်းပန်ပြီးစိစစ်ရွေးချယ်ပြီးနောက်မှသာ လူများကို ဤနေရာသို့ခေါ်ဆောင်လာမည်ဟုကတိပေးခဲ့သည်။ လင်းဂျင်ရွှမ်က ပြုံးရုံသာပြုံးလိုက်ပြီး သူ့ကတိကိုစိတ်ထဲ လုံးဝမရှိခဲ့ပေ။ ဘယ်စီးပွားရေးသမားကမှ အမြတ်မရှာတာမရှိဘူး။ သူ့ရဲ့ ထူးချွန်တဲ့ ဆေးဘက်ဆိုင် ရာကျွမ်းကျင်မှုတွေကြောင့်သာ သူ့ကိုအံ့ဩမိခဲ့ပါတယ်။ အခြားအရာများတွင်မူ သိနားလည်မည်ဟု မထင်ခဲ့မိပေ။လင်းမိသားစုအိမ်တော်ဟောင်း၌ လင်းလချန်းဟူကို အာမခံရန်အတွက် ဘင်းချီရန်သည် သူ၏စုဆောင်းထားသမျှငွေအားလုံးကုန်သွားရုံသာမက အရည်အ သွေးကောင်းမွန်သော သဲမြေမူ ဆယ်ခုနှင့်ဆည်ရေ သောက်မြေမူ ဆယ်ခုကိုလည်း ရောင်းချခဲ့ရသည်။ ဤအတွက်ကြောင့် အဘွားကြီးနှင့် သားကြီး၏ဇနီးသည် အကြီးအကျယ်ရန်ဖြစ်ခဲ့ကြသည်။ အမျိုးသမီးဂျန်သည် နောက်ဆုံးတွင် သူမ၏ကိုယ်ပိုင်အခန်းတွင်သာ ပုန်းနေခဲ့သည်ဟုဆိုသည်။ အဘွားအို၏ အပြင်မှာအော်ပြောသမျှ ဆဲဆိုတိုင်းမထွက်တော့ပေ။ ထိုသို့သောမိသားစုသည် ပြိုကွဲရန်မဝေးလှတော့ချေ။
![](https://img.wattpad.com/cover/209230932-288-k267262.jpg)
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...