Chapter 36
ကျောက် နဲ့ ဟန် (ခင်ပွန်းနှင့်ခင်ပွန်း) ၊ ငွေရှာဖို့အစီအစဉ် (၂)"ဟုတ်တယ် အမှန်ပဲ၊ ဒါကြောင့် ပိုက်ဆံစုဖို့ကြိုးစား သင့်တယ်၊ ပြီးတော့ ငါတို့နှစ်ယောက်နဲ့အတူတူးဖို့ လူကို ထပ်ငှားလို့ရတယ်။ စွန့်ပစ်မြေစာတွေကို ရေကန်ထဲထည့်ပြီးရင် ငါးတွေ ထည့်ဖို့ဝယ်လိုက် အနာဂတ်မှာ ရောင်းဖို့အဆုံးမရှိတဲ့ ငါးတွေရှိလာလိမ့်မယ်"
နောက်ဆုံး သူ့မျက်လုံးတွေက ပေါင်မုန့်လုံးကြီးရဲ့ မျက်နှာပေါ်ကို စိုက်ကြည့်နေခဲ့တယ်၊ အခု သူ့ သားလေးယုံသင့်ပြီမဟုတ်လား ?
"အမ် ? ပိုက်ဆံ ထပ်ကုန်မှာလား ?"
အလုပ်သမားတွေငှားဖို့ ပိုက်ဆံတွေ အကုန်အကျခံ ရမယ်လို့ကြားတော့ ပေါင်မုန့်လုံးကြီးက ချက်ချင်း မျက်မှောင်ကြုတ်ပြီး လင်းဂျင်ရွှမ်က မရယ်နိုင်ပေ။ ငါးကန်ကြီးနှစ်ကန်လေ သူ့တို့ဘာသာ တူးလို့မရဘူး မဟုတ်လား ??
"တကယ်လို့ မင်းသူတို့ကို ပြုစုပျိုးထောင်နိုင်ရင် ရေကန်တူးဖို့ အလုပ်သမားတချို့ကိုငှားရတာ ဘာမှ မဟုတ်ဘူး ရှောင်၀မ် မင်းဒီပိုက်ဆံကို စုလို့မရဘူး"
ဟန်ဖေးသည်လည်း ပေါင်မုန့်လုံးကြီး၏ တွန့်တိုသော စိတ်ကိုလည်း ရှင်းရှင်းလင်းလင်း သိထား သည်။ လင်း၀မ်က သူ့မျက်နှာနီရဲစွာဖြင့် တထစ်ချပြောရင်
“သား သိပါတယ်…”
သူက ပိုက်ဆံစုချင်ပေမယ့် ပေးမယ်လို့လဲ တစ်ခါမှ မပြောဖူးပါဘူး။
"ဟားဟား..."
ဒီမြင်ကွင်းကိုမြင်လိုက်ရတော့ လင်းဂျင်ရွှမ်နဲ့ တခြားလူတွေ ရယ်မမောနိုင်ဖြစ်သွားသည်။ လင်း၀မ်က တွန့်တိုနေပေမယ့် သူလည်းသူတို့ရဲ့ ပျော်စရာအသီးမဟုတ်လား ? ထိုလူများသည် တလမ်းလုံး ရယ်မောပြောဆိုလာခဲ့ကြသည်၊ ပေါင်မုန့်လုံးလေးသုံးလုံးမှာလည်း အလွန်စိတ်လှုပ်ရှား တက်ကြွကာ ရယ်စရာစကားများ မကြာခဏပြောတတ် ကြသည်။
လမ်းတွင် လင်းဂျင်ရွှမ်သည် မြက်ပင်မရှိသော ကျယ်ပြန့်သော လွင်ပြင်ကြီးကို မမျော်လင့်ပဲရုတ်တရက်တွေ့လိုက်ရသည်။ ကျေးလက်၌ ဤသည်မှာ ဖြုန်းတီးနေခြင်းပင်ဖြစ်သည် လယ်သမားတွေအတွက် အရေးကြီးဆုံးကဘာလဲ ?? ဟုတ်ပါတယ်...မြေပါ...ယခုတွင်မူ ကုန်းတွင်းပင်လယ်မြစ် လက်တက်များ ခန်းခြောက်ခြင်းကြောင့် ကြီးမား သောကုန်းမြေဧရိယာများကို စွန့်လွှတ်လိုက်ရသည်။ မဟုတ်ရင် လူတော်တော်များများ ဒုက္ခ ရောက်လိမ့်မယ်....
![](https://img.wattpad.com/cover/209230932-288-k267262.jpg)
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...