☘️ Chapter 10
☘️ Petty Little Bunနေဝင်လာသည်နှင့်အမျှ သားအဖသုံးယောက် တဲဆီသို့ ခပ်သုတ်သုတ်ပြန်သွားကြသည်။ ပေါင်မုန့်လုံးလေးများအဝတ်အစားလဲနေသည့်အချိန် လင်းဂျင်ရွှမ်သည် မီးဖိုချောင်ထဲသို့ကြည့်လိုက်ရာ မီးဖိုအ သေးတစ်ခု သံဒယ်အိုးကြီးတစ်လုံး၊ အိုးကွဲအနည်း ငယ်နှင့် ထင်းအချို့အပြင်အခြားဘာမှမရှိချေ။ လင်းဂျင်ရွှမ် သက်ပြင်းတစ်ချက်ချရင်း မီးဖိုချောင်အလယ်မှာ အိုးကိုချထားလိုက်ပြီး နောက်ဖေးဘက်သို့လှည့်ကာ ငါးကိုစတင်ကိုင်တွယ်လိုက်ပါတော့တယ်။
" ဖေဖေ ၊ သား အကြီးဆုံးအပိုင်းကိုစားမယ်နော် "
ပေါင်မုန့်လုံးလေးက ပျော်ရွှင်စွာပြေးလာပြီး သူ့ရှေ့တွင်ငုတ်တုပ်ထိုင်ကာ ရွှန်းလဲ့နေတဲ့မျက်လုံး၀ိုင်းကြီးတွေနဲ့ ငါးကြင်းကြီးရဲ့ အကြေးခွံတွေဖယ်ရှားနေတာကိုထိုင်ကြည့်နေခဲ့သည်။
"ဒီလောက်ကြီးရင် သားအတွက် လုံလောက်ပြီမဟုတ်ဘူးလား ?? သားအစ်ကိုကြီးကော ဘယ်မှာလဲ ?"
"အိမ်နောက်ဖေးသွားပြီး အဝတ်တွေအခြောက်ခံဖို့ ထင်းသွားယူနေတယ်၊ ဖေဖေ ဒါတွေကို ဒီတစ်ညတည်းနဲ့ အကုန်စားပစ်မလို့လား ?"
"အင်းလေ မစားရင် ? ဒီရာသီဥတုနဲ့ သိမ်းထားလို့မှ မရတာ၊ ပြီးတော့ ငါးဆိုတာ လတ်ဆတ်နေမှစားလို့ကောင်းတာ အကြာကြီးထားထားရင် အနံ့အသက် တွေထွက်လာလိမ့်မယ်"
" ဒါပေမယ့်..."
သူ့နှာခေါင်းသေးသေးနဲ့ မျက်ခုံးလေးတွေလှုပ်ရှားသွားသည်။ လင်းဂျင်ရွှမ်က ဘာလို့ထင်းတွေနဲ့ ဝင်လာတာလဲလို့ မမေးခင်မှာပင်
"ဖေဖေ ဒီလောက်ကောင်းတဲ့ အစားအစာကို တခါတည်းနဲ့ ဘယ်လိုလုပ်စားရမှာလဲ ? ဒီလို ငါးကြီးကြီးဆို သားတို့ချဉ်အောင်လုပ်လိုက်လို့ရတယ်လေ၊ အဲဒါက သားတို့ကိုရက်အတော်ကြာထိအောင်စားလို့ရနိုင်တယ်.."
"ဟူး.. ?"
လင်းဂျင်ရွှမ်သည် အံသြသွားသည်၊ ငါးကို ကြေးခွံချွတ်နေရင်းခေတ္တရပ်တန့်သွားသည်။ အဲ့လောက်ထိ ချွေတာရမှာလား...??
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...