Chapter 109
တိရစ္ဆာန်များဝယ်ရန်သွားခြင်း ၊ သူကယ်တင်ခဲ့သောသူနှင့် ဆုံတွေ့ခြင်း (၁)မြို့ထဲမှာဆိုပါက တိရစ္ဆာန်များဝယ်ရန်အာမခံ ပေးစရာမလိုပေ။ မွေးမြူရေးဈေးကွက်သို့ တိုက်ရိုက်သွားနိုင်သည်။ သို့သော် ဤလိမ်လည်တတ်သော ဒါတုန်မြို့တွင် ပုံမှန်အားဖြင့် တိရစ္ဆာန်စျေးကွက်မရှိသောကြောင့် အာမခံပေးသူကို ဦးစွာရှာဖွေရမည်ဖြစ်ပါသည်။ ဟုတ်ပါတယ် ဒီလို ပုဂ္ဂိုလ်ရေးကုန်သွယ်မှုမျိုးကို ကာကွယ်ပေးမှုမရှိချေ။ အကယ်၍ တိရစ္ဆာန် (သို့) မြေကို အာမ ခံသူမှတစ်ဆင့် ဝယ်ယူပါက တစ်စုံတစ်ခုမှား ယွင်းခဲ့သဖြင့် ရောင်းသူကို ရှာမတွေ့လျှင်ပင် အာမခံသူထံသို့ သွားနိုင်သည်။ ကိုယ်ရေးကိုယ် တာအရောင်းအ၀ယ်အား အကောင်းဆုံးသူငယ် ချင်းများ (သို့) မိသားစု၀င်များသည် ငွေနှင့်ပတ် သက်နေသမျှ ကာလပတ်လုံး မပြိုကွဲဖို့ရာမဖြစ်နိုင်ပေ။ သင့်သူငယ်ချင်းများ (သို့) မိသား စုဝင်များနှင့် အတူကော်မရှင်ခအနည်းငယ်အတွက် ပြဿနာဖြစ်ရခြင်းသည် အမှန်တကယ်ပင် မထိုက်တန်ပေ။
ကျောက် ၊ ဟန် ဇနီးမောင်နှံသည် လမ်းကိုဦး ဆောင်နေသဖြင့် မြို့တောင်ဘက်စွန်းရှိ ဆိုင်တစ်ဆိုင်ရှေ့၌ ရပ်တန့်သွားကြသည်။ ယခုအချိန်သည်လုပ်ငန်းခွင် ရာသီဖြစ်ပြီး မြို့တွင်း၌ ပလိပ်ရောဂါဖြစ်ပွားနေ သည်ကိုထိန်းချုပ်နိုင်နေပြီဖြစ်သော်လည်း လုပ်ငန်း များ၌ များစွာလွှမ်းမိုးနေပုံရသည်။ ဆိုင်ရှင်နှင့် အလုပ်သမား အနည်း ငယ်မှလွဲ၍ ဖောက်သည်လုံးဝမရှိပေ။
ဟန်ဖေးနှင့် အခြားသူများ ဝင်လာသည်ကိုမြင်လျှင် အာမခံသူလျူက အပြုံးကြီးဖြင့် သူတို့ကိုအလျင်စလိုနှုတ်ဆက်ပြီး
"သခင်တို့ ခင်ဗျားတို့က မြေဝယ်ဖို့ စီစဉ်နေကြတာလား ? ကျေးဇူးပြုပြီး ဝင်ထိုင်ကြပါ"
သူတို့ခြောက်ယောက်ထဲမှာ ရန်ရှန်လွေ့ နဲ့ လင်းဂျင်ရွှမ်တို့ဟာအထူးခြားဆုံးစိတ်ထားတွေရှိကြပါတယ်။ နှိုင်းယှဥ်ရလျှင် ရန်ရှန်လွေ့သည် မိသားစုတွင် နောက်ဆုံးပြောသူနှင့် ပိုတူသည်။ အာမခံသူလျူ၏ မျက်လုံးများသည် သဘာဝအတိုင်း သူ့အပေါ်တွင်ကျရောက်လာသည်။
![](https://img.wattpad.com/cover/209230932-288-k267262.jpg)
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...