☘️ Chapter 161
☘️ Yuehua Manor (1)လောင်ဝမ်က တကယ်ကို ရိုးသားသူတစ်ယောက်ဖြစ်ရာကတိတည်ပေလိမ့်မည်။ လင်းဂျင်ရွှမ်နှင့် သူ့မိသားစုညစာစားနေစဉ်တွင် နွားလှည်းအနည်းငယ်သည် မြေအိုးခုနစ်ရာကျော်ကိုပို့ပေးခဲ့သည်။ အခု သူ့အိမ်ကကြီးနေပြီဖြစ်ရာ နွားလှည်းတွေကိုအ နောက်ဘယ်ဘက်ခြမ်းမှာရှိတဲ့ အလုပ်ရုံကြီးထဲကိုတိုက်ရိုက်မောင်းသွားလိုက်ကြသည်။ အလုပ်သမားများအားလုံး ချွေးများကိုယ်စီဖြင့်ထုပ်ပိုးပြီးစီးသော အခါ လင်းဂျင်ရွှမ်သည် ချွေ့ရှန်းအား ၎င်းတို့၏ လက်ထဲကြေးဒင်္ဂါးပြားတစ်ပြားစီထည့်ကာ ၎င်းတို့ကို တစ်ခုခု၀ယ်သောက်ရန်ပေးသည်ဟုဆိုကာ ပေးအပ်ရန်ပြောကြားခဲ့သည်။ ဒီ့အတွက် အလုပ် သမားတွေအားလုံး ဝမ်းသာအားရနဲ့ထွက်ခွာသွားခဲ့ကြသည်။
"ခုနှစ်ရာက သိပ်မနည်းလွန်းဘူးလား ? ငါတို့ရဲ့ လက်ရှိမြန်နှုန်းအရ အဲ့တာတွေက တစ်ရက်အတွင်း ကုန်သွားလိမ့်မယ် အသစ်တွေကို အနည်းဆုံးနှစ်ရက် သို့မဟုတ် သုံးရက်အတွင်းပို့ဆောင်ပေးမှာဆိုတော့ အဲ့တာကနည်းနည်းလောက်နောက်ကျသွားနိုင်တယ်"
ညစာစားပြီးသောအခါ ဘာမှလုပ်စရာမရှိသော ကြောင့် ရန်ရှန်းလွေ့နှင့် လင်းဂျင်ရွှမ်သည် ခြံထဲတွင် စစ်တုရင်ကစားနေကြသည်။ လင်းဂျင်ရွှမ်နဲ့တခြားသူတွေညက ခြံထဲမှာ ကလေးတွေ အချင်းချင်းလိုက်ဖမ်းနေချိန် ဘေးနားကနေစောင့်ကြည့်နေကြသည်။
"ကောင်းပြီ၊ ငါတို့ဆီမှာ အိုးကြီးတွေ အများကြီး မကျန်လို့လား။ အိုးအသေးတွေ အချိန်မီမပို့နိုင်ရင် လည်း အိုးကြီးထဲမှာအရင်ထည့်လိုက်ကြမယ်လေ ဘယ်လိုပဲဖြစ်ဖြစ်ရောင်းဖို့ပဲဆိုတော့ ကြီးကြီးမားမားဖြစ်စရာအကြောင်းမရှိဘူး။"
သူ၏ Xiang ကိုရွှေ့ခြင်း (တရုတ်စစ်တုရင်တွင် Xiang သည် ဇယားကွက်လေးခုဖြင့် ဖွဲ့စည်းထားသော စတုရန်းထောင့်အတိုင်းရွေ့နိုင်သည် ) ရန်ရှန်းလွေ့၏ Xiang အစိတ်အပိုင်းတစ်ခုကိုစားလိုက်ကာ လင်းဂျင်ရွှမ်က သက်တောင့်သက်သာဖြင့်ပြောလာသည်။ သူတို့ရဲ့ တင်ပို့မှုကကြီးလွန်းတယ်၊ အကယ် ၍ လောင်၀မ်ကသာသူတို့ကိုအချိန်မီမပို့နိုင်ဘူးဆိုခဲ့ပါက လာမည်နှစ်တွင် ၎င်းတို့၏လိုအပ်ချက်သည် ယခုထက်အဆတစ်ရာကျော် (သို့) ထို့ထက်မကပို မိုများပြားလာမည်ဖြစ်ရာ လာမည့်နှစ်ထိတိုင်လောင် ၀မ်သည် ၎င်း၏အလုပ်ရုံကိုမတိုးချဲ့နိုင်သေးပါက လာမည့်နှစ်တွင် ပူးပေါင်းလုပ်ဆောင်ရန်အတွက်လုပ်ဖော်ကိုင်ဖက်များပိုမိုရရှိအောင်ရှာဖွေထားရမည်ဖြစ်သည်။
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...