Chapter 67

5.4K 680 6
                                    

Chapter 67
မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး (1)

" တောင်းပန်ပါတယ် ဂျင်ရွှမ် မင်းအဖေ ငါက အသုံးမကျဘူး ကလေးနှစ်ယောက်ကို ငါ မကာကွယ်နိုင်ခဲ့ဘူး "

လင်းချန်းလုံက ရှက်နေတဲ့ မျက်နှာနဲ့ ဘေးမှာ ရပ်လိုက်တယ်။ လင်းဂျင်ရွှမ်က မော့ကြည့်လိုက်တော့ သူ့နဖူးမှာ သွေးတွေရွဲ‌နေတာကို တွေ့လိုက်ရတော့ သူ့မျက်လုံးတွေက အေးစက်လာပြီး သူ့အမေရဲ့ မျက်နှာတစ်ပြင်လုံးမှာလည်း သွေးစွန်းထင်းနေတာကို မြင်လိုက်ရတော့ လင်းဂျင်ရွှမ်က ပြုံးလိုက်တယ်။ ပေါင်မုန့်လုံးကြီးကို ကိုင်ရင်း မတ်တပ်ထရပ်လိုက်ပြီး ပါးလွှာပြီးကြော့ရှင်း သော မျက်နှာ၌ တောက်ပသော အပြုံးတစ်ခုပေါ်လာခဲ့သည်။ သူတကယ်ပဲ အဲဒီလူတွေကို လျော့တွက်ခဲ့မိတယ် သူတို့က သူ့ကို ခေတ္တအနားယူခွင့်တောင် မပေးတော့ဘူး။

"ဖေဖေ..."

လင်းဝူသည် ရံဖန်ရံခါ တိတ်တိတ်ဆိတ်ဆိတ် ငိုယိုကာ ရှူရှိုက်ရင်း ရန်ရျန်းလွေ့၏ခြေထောက်ကိုကိုင်ထားခဲ့သည်။ ဒီအချိန်မှာ သူဘယ်လောက် သနားဖို့ကောင်းလဲဆိုတာ မင်း စိတ်ကူးကြည့်လို့ရတယ်။ လင်းဂျင်ရွှမ်သည် သူတို့ဆီသို့ လျှောက်သွားကာ လင်းရှန်း‌လွေ့ကိုကြည့်ပြီး လင်းဝူရှေ့ ထိုင်ချလိုက်ပြီးနောက်

"မင်းရဲ့အစ်ကိုကြီးကို ဘယ်သူရိုက်တာလဲ ?? "

သူ့သားကို သူတောင် မရိုက်ဝံ့ဘူး !! ဘယ်သူကများ သူ့သားကို ရိုက်နှက်ထားတာလဲ ? အဲ့လူက ဘယ်သူပဲဖြစ်ဖြစ် အဲ့လူကို ပြန်ရိုက်ပစ်မယ် မိန်းကလေးလဲ အလွှတ်မပေးနိုင်ဘူး!!

" ဖေဖေ . . သား ကြောက်တယ် . . . "

လင်းဝူ၏ မျက်လုံးများသည် အဘွားကြီးနှင့်အတူ ရပ်နေသော အမျိုးသမီးဂျန်အား တုန်လှုပ်သွားကာ သူ့ခန္ဓာကိုယ်သည် လင်းဂျင်ရွှမ်နှင့် ရန်ချန်းလွေ့ အကြားတွင် ထိန်းမနိုင်သိမ်းမရကျုံ့သွားခဲ့သည်။  သူ့အကြည့်မျဉ်းအတိုင်း လင်းဂျင်ရွှမ်သည် ပစ်မှတ်ကို ဆက်တိုက်ပိတ်လိုက်သည်။ 

"မကြောက်ပါနဲ့ အဲဒီလိုလူတွေကို မျက်စိတစ် ဆုံး ! ငါတို့ဘက်က ပြန်တိုက်ရမှာပေါ့ !"

အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'Where stories live. Discover now