CHAPTER 187
သူ့တို့ကိုကြောက်တယ်ထင်ပြီး စုဂျန်းက လီအန်းကို မျက်ခုံးပင့်ပြလိုက်ပြီး နှစ်ယောက်သားပြုံးပြုံးရွှင်ရွှင်နဲ့ လမ်းလျှောက်လာပြီးနောက် တစ်ဖက်စီမှာ ငုတ်တုတ်ထိုင်ချလိုက်တယ်။ သူတို့သည် သူ့စကားကို ဂရုတစိုက်နားထောင်နေပုံရသော်လည်း မျက် လုံးများထဲတွင် ထူးထူးခြားခြားပျင်းရိသောအရိပ် အယောင်များ မှိတ်တုတ်မှိတ်တုတ်ဖြင့် ဝိုင်းကာကြည့်နေခဲ့ကြသည်။ အရာအားလုံးကို မျက်စိမှိတ်ယူပြီး လင်းဂျင်ရွှမ်က ဘာမှပြန်မပြောဘဲသူ့လက်တွေကို အလုပ်စလုပ်ပြီး မကြာခင်မှာပင် တောရိုင်းစပျစ်သီးတစ်စည်းကို ဆေးကြောသန့်စင်ပြလိုက်သည်။
"သခင်ကြီးရွှမ်က အထင်ကြီးဖို့ကောင်းလိုက်တာမိန်းမတစ်ယောက်ရဲ့ အလုပ်ကိုတောင် သပ်သပ်ရပ်ရပ်နဲ့လုပ်နိုင်တယ်။ ဒါဟာ တကယ်ကို ထူးခြားတာပဲ!"
ညာဘက်တွင်ရှိသော လီအန်းက လက်မထောင်ပြ သည်။ အပေါ်ယံက သူ့ကို ချီးကျူးနေပေမယ့် တကယ်တော့ သူ့ကိုမိန်းမနဲ့ တူတယ်လို့ချဲ့ကားလှောင်ပြောင်ပြီး ၀မ်းသာတဲ့လေသံမျိုးနဲ့ တကယ်ကို စိတ်မသက်မသာဖြစ်စေပါတယ်။
"ဟုတ်တယ် ကြည့်ပါဦး၊ သခင်ရွှမ်က မင်းတို့ထက် တောင်အများကြီးပိုမြန်တယ်။ မင်းတို့ မိန်းမတွေက ယောက်ျားထက်တောင် ပိုကောင်းကောင်းလုပ်နိုင်တာမဟုတ်ဘူး၊ မင်းတို့ ရှက်ကြတယ်မဟုတ်လား"
သူစိတ်မဆိုးဘူးဆိုတာကိုမြင်လိုက်ရတော့ တစ်ဖက်က စုဂျန်းဟာ လင်းဂျင်ရွှမ်ရဲ့ တောရိုင်းစပျစ်သီးလက်တစ်ဆုပ်စာကိုဆုပ်ကိုင်ကာ ရေဆေးချလိုက်ပြီး အမျိုးသမီးကျန့်နဲ့ တခြားသူတွေကို စားရင်းပြောလိုက်တယ်။ အမျိုးသမီး၀မ်က အရမ်းဒေါသထွက်လို့ သူမရဲ့ရင်ဘတ်က အပေါ်အောက်နိမ့်ချည် မြင့်ချည်ဖြစ်နေခဲ့ပါတယ်။ သူတို့သည် ဂျင်ရွှမ်ကို စော်ကားနေပုံရသော်လည်း ဂျင်ရွှမ်သည် သူနှင့် ဘာမှမဆိုင်သလိုပြုမူခဲ့သည်။ ပြီးတော့ဂျင်ရွှမ့် အ စားသူတို့ကိုအပြင်းအထန်အပြစ်ပြောရန်ရှေ့ထွက် သင့်သလား သူမ မသိပေ။
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...