🥳 Chapter 166
🥳 Want To Mave Into My House ? You Wish! (1)"အို ကောင်းကင်ကြီး! မျက်လုံးဖွင့်ပြီး ကြည့်လိုက် ပါ။ အမျိုးသမီး၀မ်သည် သူမ၏မိဘယောက္ခမကို သစ္စာမရှိ၊ ခင်ပွန်းသည်၏ညီအစ်ကိုကို မထီမဲ့မြင်ပြုကာ ခင်ပွန်းဖြစ်သူ၏ ညီငယ်အားအနိုင်ကျင့်ရန် အခြားသူကိုပင်ကူညီခဲ့သည်။ နေရောင်အောက်မှာ တရားမျှတမှုရှိပါရဲ့လား။ ဒုတိယအစ်ကို မင်းဘာလို့ ထွက်မလာတာလဲ။ မင်းမိန်းမ ငါတို့ကိုသေလုနီးပါး အနိုင်ကျင့်သွားခဲ့ပြီ။ Boohoo...အမျိုးသမီး၀မ် မင်းက အရှက်မရှိတဲ့ခွေးမပဲ။ လူယုတ်မာတွေကိုပဲ မွေးခဲ့တဲ့ခွေးမ။ မင်း ဖိနပ်ထဲမှာပဲသေလိမ့်မယ်…”
တံခါးကြီးတွင် အမျိုးသမီးဂျန်သည် နှာရည်များနှင့် မျက်ရည်များဝဲကာ ညည်းညူရင်း သူမ၏ ပါးစပ်မှ ထွက်ကျလာသောစကားလုံးများသည် ပိုမိုပြင်းထန် လာကာ လင်းချန်းဟူသည် သူ့ဇနီး ဘာလုပ်နေသည်ကို မမြင်ရသလို ဂုဏ်ယူစွာဖြင့် ဘေးဖယ်နေကာ လင်းချန်းဟူက မတ်တပ်ရပ်နေခဲ့သည်။ သံတံခါးအတွင်းတွင် အမျိုးသမီး၀မ်နှင့်အမျိုးသမီးဆုန်းတို့ သည် ဒေါသထွက်သွားကာ နောက်တစ်စက္ကန့်တွင် သူတို့၏ မျက်လုံးများက မီးတောက်ကဲ့သို့ဖြစ်သွားကြသည်။
“အမျိုးသမီးဆုန်း တံခါးဖွင့်လိုက်”
သူမကျိန်စာတွင် သူမ၏သားများကိုပင် ထည့်သွင်းထားသည်ကိုမြင်လိုက်ရသဖြင့်အမျိုးသမီး၀မ်သည် ရုတ်တရက် မျက်နှာများမှည်းမှောင်စွာပြောလိုက်ပြီးလက်နှစ်ဘက်စလုံးကို လက်သီးများဖြင့်ဆုပ်ထားလိုက်သည်။ အမျိုးသမီးဆုန်းကအံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။ ထို့နောက် အပြင်ဘက်မှ ငိုသံက ချက်ချင်းရပ်သွားခဲါသည် လင်းချန်းဟူနဲ့ သူ့ဇနီးကချက်ချင်းဆိုသလိုကြွက်စုတ်တို့၏ 'အောင်ပွဲ' ကိုပြခဲ့တယ်။အိမ်ထဲကိုဝင်သွားသရွေ့သူတို့ကိုလွှတ် ပေးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
"သခင်မ?"
အမျိုးသမီးရန်သည် သူမ၏မျက်နှာပေါ်တွင် မကျေ နပ်သဖြင့် မျက်မှောင်ကြုတ်လိုက်သော်လည်း အမျိုးသမီး၀မ်က လှောင်ပြောင်ကာ
"တံခါးဖွင့်လိုက်ပါ!"
ငါ့အိမ်ထဲဝင်ချင်တာလား။ ကောင်းပြီ၊ သူမသူတို့ကိုခွင့်ပြုလိုက်မယ် ဒါပေမယ့် ...
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...