Chapter 42
ဖေဖေ သားအရမ်းပျော်တယ်"Wow... နောက်ဆုံးတော့"
စားသောက်ဆိုင်ထဲက လင်းဂျင်ရွှမ်က အသက်ပြင်းပြင်းရှူပြီး သူ့ရဲ့တောင့်တင်းနေတဲ့ လည်ပင်းကိုရွှေ့လိုက်ပါတယ်။ သက်တောင့်သက်သာရှိသောနေ့ရက်များသည် လူတစ်ဦး၏ပျင်းရိမှုကို တိုးပွားစေသည်မှာအမှန်ပင်။ ရက်အနည်းငယ်ကျော်သာ ဤနေရာသို့ပြောင်းရွှေ့လာပြီးနောက် ဟန်ဆောင်နေသည့်တစ်နာရီစာသည် သူ့အားမောပန်းလုနီးပါး ဖြစ်စေခဲ့သည်။ မစ်ရှင်အောင်မြင်ရန်အတွက် ယခင်ဘဝတွင်ရက်ပေါင်းများစွာ ပုန်းအောင်းနေခဲ့ပြီး မိတ်ကပ်များလိမ်းခြယ်ရန် လိုအပ်သော်လည်း ပင်ပန်းသည်ဟု တစ်ခါမျှမခံစားခဲ့ရပါ။ သို့သော် ယနေ့တွင် ဆင်းရဲသော်လည်း သူ့စိတ်နှလုံးသည် ငြိမ်သက်အေးဆေးနေရသဖြင့် ဓါး၌စို့နေခဲ့သော သွေးများကို မေ့လု မတတ်ဖြစ်နေခဲ့သည်။
"ဖေဖေ၊ ဖေဖေ၊ အခု ဒါက သားတို့ပိုင်တဲ့ငွေလား တကယ်ပဲလား ??"
သူ့နောက်က ပေါင်မုန့်လုံးကြီးက အခုအချိန်အထိ မယုံနိုင်သေးပေ။ သူ့အဖေက အရသာရှိတဲ့ အစားအ သောက်တွေကိုပဲလုပ်တာ မဟုတ်လား ?? ငွေနှစ်ချောင်းလုံးရအောင် သူဘယ်လိုလုပ်လိုက်တာလဲ ?? ပိုက်ဆံအများကြီးသက်သာအောင် ငါးဘယ်နှစ်ကောင်ရောင်းရမှာလဲ?
"ဟူး ?"
သူ့စကားကြားတော့ လင်းဂျင်ရွှမ်က ခေါင်းငုံ့ပြီး သူ့ကိုကြည့်ကာ နှုတ်ခမ်းကို တွန့်ကာပြောသည်
" ဟုတ်တယ် အဲ့တာအကုန် ဖေဖေတို့ဟာပဲ ဖေဖေအရမ်းကြိုးစားထားရတာပေါ့ "
ခက်တယ် လိမ္မာပါးနပ် ဟန်ဆောင်ဖို့ခက်တယ်..
" တကယ်.. တကယ် .. ??? "
သူ့ကို အတည်ပြုပြီးရင်တောင် လင်း၀မ်က ငွေကို တင်းတင်းကြပ်ကြပ်ဆုပ်ထားပြီး ဆက်မေးနေခဲ့သေးသည်။ များသောအားဖြင့် လိမ္မာပါးနပ်ပြီး ရင့်ကျက်သော လင်းဝမ်သည် အဆုံးတွင် ငါးနှစ်သားကလေး တစ်ယောက်က မည်သို့ မည်ပုံ ဖြစ်သင့်သည်ကို ပြသခဲ့သည်... လင်းဂျင်ရွှမ်သည် သူနံဘေးသို့ ထိုင်ချလိုက်ပြီး
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...