☘️The blessed: Chapter 104
ခွဲထွက်ခြင်း : လင်းမိသားစုဟောင်းနှင့်ဝေးဝေးနေ"မင်းက ဘာလိုချင်တာလဲ၊ အရှက်မဲ့တဲ့ခွေးကောင်။ ဂျင်ဝေကိုလည်း မင်း လုပ်ပြီးသွားပြီ၊ အခု ငါတို့မိသားစုတစ်ခုလုံးကိုဖြိုခွဲချင်နေတာလား။ ဒီလိုဖြစ်မယ်မှန်း ငါကြိုသိခဲ့ရင် မင်းကို မြစ်ထဲမှာနစ်ခဲ့လိုက်တယ်။ အမျိုးသမီး၀မ်ကို တစ်ယောက်ယောက်က သတ်ဖို့ကြိုးစားခဲ့တဲ့ဆိုတဲ့ မင်းစကားက အဲ့ဒီသစ်ကြံပိုးခေါက်ကိုပစ်ထားခဲ့တဲ့သူကကော မင်းဟုတ်၊ မဟုတ် ဘယ်သူကသိနိုင်မှာလဲ ? ပြီးတော့ တစ်ယောက် ယောက်က မတော်တဆပြုတ်ကျသွားတာလဲဖြစ်နိုင်တာပဲလေ!”
ဒီလိုအချိန်မျိုးမှာ ဆင်ခြင်တုံတရားကင်းမဲ့တဲ့ အဘွားအိုသည် ဘယ်လိုမှပြန်မငြင်းပဲမနေနိုင်တော့ပေ။ လင်းဂျင်ရွှမ်သည် သူမ၏အထက် တန်းကျသောမျက်နှာကိုကြည့်လိုက်ပြီးတော့ ဆွံအသွားသလိုခံစားလိုက်ရသည်။
"တကယ်လို့ ယုတ္တိမရှိဘူးထင်ရင် ! ကျွန်တော်တို့ ရုံးတော်ဆီသွားပြီး တရားသူကြီးကိုတရားမျှတမှုရှာခိုင်းလိုက်မယ်လေ မကောင်းဘူးလား ?”
အဘွားအိုအား ယခုလိုထိတ်လန့်စွာပြုမူဝံ့သေးသည်ကို မယုံကြည်နိုင်ပေ။ ဒီလို မယုံနိုင်စရာကောင်းတဲ့လူမျိုးကို ကိုင်တွယ်ဖြေရှင်းဖို့ရာ သူမကိုကြောက်ရွံ့နေအောင် အရင်လုပ်ထားရမည်။ သူကိုယ်တိုင်လည်း ဒီလိုမျိုးတရားသူကြီးနာမည်ကိုအသုံးချပြီးတိုင်း သူ့ကိုယ်သူအနည်းငယ်စိတ် ပျက်နေမိပေမယ့်လည်း....
"ခွေးမသား !"
ဒါပေါ့၊ တရားရုံးဆိုတဲ့စကားလုံးကို သူ(မ) ကြား လိုက်ရတဲ့အခါ အဘွားကြီးကထပ်မအော်ရဲတော့ချေ
"လင်းဂျင်ရွှမ် မင်း တရားသူကြီးကို အချိန်တိုင်း ထုတ်ပြောနေဖို့မလိုပါဘူး၊ သူ(မ)ပြောခဲ့တာတွေက ယုတ္တိမတန်ပါဘူး။ မင်းအမေကို အဆိပ်ခတ်ဖို့ကြိုးစားတာမဖြစ်နိုင်ပေမယ့် တစ်ယောက် ယောက်ကဆေးရွက်တွေကိုမှားပြီး မတော်တဆကောက်ပြီး ပန်းကန်ထဲပစ်ထည့်လိုက်မိတာလည်းဖြစ်နိုင်တာပဲလေ"
အဘွားကြီး၏ဒေါသသည် လင်းချီရန်အားအချိုး အကွေ့တစ်ခုကိုမြင်တွေ့စေမည်မှာသေချာသည်။ ဒီအကြောင်းပြချက်က တကယ်ကိုမဖြစ်နိုင်လွန်းတာကြောင့် သူကိုယ်တိုင်တောင် မယုံကြည်နိုင်ပေမယ့်လည်း ဒီလိုအခွင့်အရေးကောင်းကိုဘယ် လိုလုပ်လွယ်လွယ်နဲ့လက်လွှတ်လိုက်နိုင်မှာလဲ ? မည်သို့ပင်ဆိုစေကာမူ လင်းမိသားစုတွင် လူ သတ်သမားတစ်ဦးရှိနေသည်ဟု ကောလာဟလများပျံ့နှံ့စေမည်မဟုတ်ပေ။
YOU ARE READING
အဆိပ်ရှိသောကျေးလက်က 'ကြင်ယာတော်'
Historical Fictionတစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်မြေအောက်လောကအဖွဲ့အစည်းများကပင် ၎င်း၏အမည်အားဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ကြရသည်။ မတော်တဆဖြစ်ပြီးန...