Part...1

34.5K 1.1K 40
                                    

အနီရောင်အုတ်ချပ်များဖြင့် စီထားတဲ့ခြံစည်းရိုးမြင့်မြင့်မှာ ခြံစည်းရိုးဆိုသည်ထက် တံတိုင်းတစ်ခုနှင့် ပို၍တောင် တူ
နေသည့်အတွက် ဇက်မညောင်းတမ်း
မော့ကြည့်နေသည့် ရှောင်းကျန့် ဆိုတဲ့လူငယ်လေးဟာ လက်ထဲကခြင်းတောင်းကို အောက်ချလိုက်ပြီး ဘေးပတ်ပတ်
လည်ကို ဝေ့ဝိုက်ကြည့်သည်။ ခိုင်ခံသည့်
သစ်ပင်ကြီးများဝန်းရံထားသဖြင့် ပြုံးရင်း
လက်ကောက်ဝတ်လေးမှာ ပတ်ထားတဲ့
ကြိုးအမဲလေးကိုဖြည်ကာ နက်မှောင်ပြီး
ပခုံးကျော်ကျော်လောက်ရှည်နေသည့်
သူ၏ ဆံပင်များကိုသိမ်းကျုံးရင်း
ခပ်မြင့်မြင့်စီးနှောင်သည်။ နဖူးနှင့်ဂုတ်
ပိုးမှ မမှီလို့ ကပိုကရိုကျလာသည့် ဆံစ များကြောင့် လေပူတစ်ချက်မှုတ်ထုတ်
ရင်း ခြံစည်းရိုးနှင့်အနီးကပ်ဆုံးရှိနေသည့်သစ်ပင်ကြီးပေါ်တက်ရန် ပြင်လိုက်သည်။
ငယ်စဉ်ကတည်းက သူ့ကိုမွေးစားထား
တဲ့ အားရီ လိုက်ရိုက်တိုင်း သစ်ပင်ပေါ်တက်ပြေးနေကျဖြစ်တာကြောင့်အခက်အခဲတော့ ထွေထူးပြီးရှိမနေ။

ခဏလေးအတွင်းမှာပဲ သစ်ပင်ပေါ်သို့
ရောက်ရှိသွားပြီး ကိုင်းတစ်ခုပေါ်ထိုင်ကာ
သူသိပ်ကိုကြည့်ချင်နေသည့်ခြံဝန်းအထဲကိုလှမ်းကြည့်၏ သူမျှော်လင့်ထားသလို
ခြံဝန်းထဲကိုမမြင်ရပဲ ခြံဝန်းထဲရှိသစ်ပင်များဟာ သူ့အားပိတ်ပင်တားဆီးထား သည်ကြောင့် အားမလိုအားမရဖြစ်ကာ
လက်သီးဆုပ်လေးဖြင့် သူထိုင်နေရာသစ်ကိုင်းအားထုရိုက်မိ၏။

အခုဘယ်လိုလုပ်ရတော့မလဲ။
ဒီခြံဝန်းထဲမှာ ကျင်းပနေတဲ့ မင်္ဂလာပွဲကိုကြည့်ချင်လွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ။ အခုထက်မြင့်မြင့် တက်နိုင်ရော သူမြင်
ခွင့်ရှိမလား။

ရှောင်းကျန့်လည်း ဘာမှမြင်ခွင့်မရဘဲ
ပြန်မသွားချင်တာကြောင့် ပို၍မြင့်မြင့်တက်ရန်သာဆုံးဖြတ်လိုက်၏။

အခုမှတော့ အထဲကိုမမြင်ဘဲမပြန်နိုင်
ပါဘူး။ ဈေးထဲကကလေးတွေကို သူမြင်သမျှပြန်ပြောပြရအုံးမယ်လေ။
လူချမ်းသာတွေထဲကတောင် ဒီခြံဝင်း
ကြီးထဲဝင်ဖို့မဖြစ်နိုင်တာ သူသာအထဲကိုမြင်ခွင့်ရရင်တော့သိပ်ကိုကံကောင်းတဲ့ လူသားဖြစ်ခွင့်ရပြီပေါ့။

TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Where stories live. Discover now