ဝေါယာဉ်ကို လမ်းလျှောက်သယ်သွား
ကြသည်ကြောင့် အရှင့်ဆီရောက်ဖို့ကအတော်ပင် ကြာအုံးမည်ဖြစ်၏။
ရှောင်းကျန့်လည်း မျက်နှာပေါ်မှပုဝါ
လေးကို အသာ မ,ကာ အပြင်ဘက်သို့ချောင်းကြည့်မိ၏။ လမ်းတစ်လျှောက်
လုံးရှိ လူအများက သူရဲ့ရဲရဲတောက်နေသည့် ဝေါယာဉ်ကို တမေ့တမော့ကြည့်
လို့ 'သိပ်ကံကောင်းတဲ့မိန်းကလေးပဲ' ဟူ၍ပြောဆိုသံများကြောင့် ခွီခနဲရယ်
ချင်စိတ်ကိုထိန်းကာ နှုတ်ခမ်းကိုလက်
ဖြင့်အုပ်ထား၏။ တဂွီဂွီ မည်လာသည့်ဗိုက်ကြောင့် စိတ်ရှုပ်စွာပုဝါကိုလှန်တင်
ပစ်၏။အရှင်သာလှန်တင်ခွင့်ရှိတဲ့ပုဝါကို
သူဘာသာသူ လှန်တင်လိုက်ခြင်းကြောင့် စိတ်ထဲမသက်မသာဖြစ်မိပေမယ့် သူက
အရှင့်ရဲ့သတို့သမီးစင်စစ်မှမဟုတ်ဘဲ
လေ။ စိတ်မကောင်းဖြစ်နေလိုမှမထူး
တာ။သက်ပြင်းတိုးတိုးရှိုက်လျှက်ခေါင်းခါ
ရမ်းမိတော့ တချွင်ချွင်မြည်သွားတဲ့
ရွှေခြူးသံများကြောင့် ပြုံးလိုက်သည်။ဝေါယာဉ်ထဲ ဟိုဒီလျှောက်ကြည့်ပြီးစားစရာလေးများ ရှိမလား ရှာကြည့်သော်လည်းဘာမှရှိမနေ။ ခြေထောက်အောက်မြုပ်ကျနေသည့်ဝတ်ရုံရှည်ကို
မ,တင်လိုက်ပြီး ခြေချိတ်ထိုင်ပစ်သည်။ ခေါင်းပေါ်မှလေးလံလွန်းတဲ့ရွှေသားအစောင်းလေးကြောင့် ဇာတ်လည်းတော်တော်ပင်ညောင်းလှပြီ။"အာ...ဗိုက်ဆာတယ်လို့ "
တစ်ကိုယ်တည်းညည်းညူရင်း ပူအိုက်လွန်းသဖြင့် ရင်ဘတ်မှအင်္ကျီစကိုဟမိတော့ သူ့အတွင်းတစ်နေရာမှာရှိနေတဲ့
ဖြူဖွေးအိစက်နေတဲ့ပေါက်စီနှစ်လုံးကြောင့် ဟီးခနဲရယ်ချမိသည်။"နှစ်လုံးတောင်ရှိတာကို မေ့နေတာပဲ "
"စားမယ်...စားမယ် "
"သခင်မလေး ဘာများအလိုရှိလို့လဲ"
အပြင်ဘက်မှအသံကြောင့်ရင်ဘတ်ထဲလက်နှိုက်နေရာမှတုန့်ခနဲရပ်သွားသည်။
"မ...မလိုဘူး "
"ဟုတ်ကဲ့ "
တော်သေးတယ်။ဝေါယာဉ်ကပုဝါစကို
လှန်မကြည့်လို့ ။နောက်မဆို အခုသူနေထိုင်နေတဲ့ ပုံစံကြောင့် အရှင်နဲ့မတွေ့
ရသေးခင်ပဲချက်ခြင်းသေမိန့်ကျသွားနိုင်
၏။ မျက်နှာက ပုဝါကိုကပိုကရိုလှန်တင်ထားသည့်အပြင် ထိုင်နေပုံကလည်း
ခြေပေါ်ခြေချိတ်လို့ဝတ်ရုံစကိုလှန်ထားသေး၏။ အဆိုးဆုံးကတော့ ကိုယ့်ရင်
ဘတ်ထဲကိုယ် လက်နှိုက်နေခြင်းပင်။
![](https://img.wattpad.com/cover/321110506-288-k752720.jpg)
YOU ARE READING
TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
Mystery / Thriller(U) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။ . . (Z) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။