Part...43

4.2K 383 10
                                    

နီရဲနေအောင်အလှဆင်ထားတဲ့ခြံဝင်း
ကြီးဟာ အဝေးကကြည့်လျှင်တော်တော်
မှ ကြောက်စရာကောင်းလွန်းနေပါသည်။
မင်္ဂလာပွဲတစ်ခု၏ အပြင်ဆင်ဖြစ်ပေမယ့်
လမိုက်ည၏ မဲမှောင်နေသောကောင်းကင်
ကြီးအောက်တွင် ကြက်သီးထစရာဖြစ်
နေပေမယ့် ရှောင်းကျန့်ကတော့ ဝေါယာဥ်
ထဲမှအသာခိုးကြည့်ရင်း ပြုံးနေမိသည်။

အရှင်က သေချာပြင်ဆင်ထားတာပဲ။
​ကြောက်စရာကောင်းနေပါစေအုံး
သူသဘောကျသည်လေ။

တငြိမ့်ငြိမ့်နှင့်ရွေ့လျားကာသွားနေတဲ့
ဝေါယာဥ်ပေါ်မှာထိုင်ရင်း မျက်နှာမှလှန်
တင်ထားတဲ့ဇာပုဝါအနီကို နေရာတကျ
ပြန်ရှိစေပြီး သူ့မျက်နှာကိုသူ အုပ်ကွယ်
လိုက်သည်။ လက်ထဲမှာဆုပ်ကိုင်ထားတဲ့
အရှင့်ရဲ့ ကြေးခွံကိုလက်ဖဝါးဖြန့်ကြည့်
ရင်း ပြုံးမိပြန်သည်။ တစ်ဘဝထဲမှာပဲ
ဒီ​ယောက်ျားတစ်ယောက် တည်းအတွက် သူ့အဖြစ်က သတို့သမီး နှစ်ခါဖြစ်ရ၏။

ပထမအကြိမ်မှာ သတို့သမီးအမည်ခံ
သာ ဖြစ်ခဲ့တာကို အရှင်ကလက်မခံ
သူနဲ့ သေချာစွာ မိုး​မြေကန်တော့လို့
လက်ထပ်ချင်၍ ခွင့်တောင်းလာမှာ
တော့ ငြင်းစရာမရှိဘူးလေ။

ရှောင်းကျန့်က ဆူဖြိုးဖြိုးဖြစ်လာပြီ
ဖြစ်တဲ့ သူ့ဗိုက်ကလေးကိုသူ လက်ဖဝါး
နှင့် အုပ်ကိုင်ရင်း အသံထွက်သည်အထိ
ရယ်လိုက်မိသည်။သူ့အဖြစ်ကလည်း ကလေးတစ်ယောက်ရမှ လက်ထပ်ပွဲ
ပြန်ကျင်းပနေတယ်လို့။
ရယ်စရာတော့ကောင်းသား။

"ဘာတွေသဘောကျနေတာလဲ"

ဝေါယာဥ်အပြင်ဘက်မှဟွားဟွား၏
အသံကြောင့် ရယ်မောနေမိခြင်းကို
အရှိန်သတ်လိုက်သည်။

"ရောက်ပြီ ရှောင်းကျန့်လေး"

"အထဲကို ဝင်သွားလိုက်နော်"

ရှောင်းကျန့်လည်း ထူထဲနေသည့်
ဝတ်ရုံကိုမ,ကာ ဝေါယာဥ်ထဲမှထွက်
လာလိုက်ပြီး ပုဝါကာထားသည်ကြောင့်
ဝေဝေဝါးဝါးသာမြင်ရသည့် ပတ်ဝန်း
ကျင်ကိုကြည့်မိရာ ဟွားဟွားရော အခြား
ဝေါယာဥ်ကို ထမ်းပိုးပေးလာသူများပါ
တစ်ယောက်မှ မရှိတော့ပေ။

"ဘာမင်္ဂလာပွဲလဲ"

"နှစ်ယောက်တည်းလုပ်ရမှာလား"

TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Nơi câu chuyện tồn tại. Hãy khám phá bây giờ