"ကိုယ်မင်းအဝတ်လဲတာကိုကြည့်နေခဲ့
မိတယ်"အရှင့်ပြောစကားကြောင့်ရှောင်းကျန့်
ဘာမှမတုန့်ပြန်နိုင်။ထိုစကားမျိုးကို
မျက်တောင်မခတ်တမ်းပြောသွားတဲ့
အရှင့်ကိုသာ ကြောင်ကြည့်နေမိ၏။"မင်းကိုအားနာရပါတယ်"
"အရှင့်!"
ခြံထဲရပ်နေရာမှအိမ်ထဲသို့ ရှောင်းကျန့်ပြေးဝင်လာမိသည်။ ပူတက်လာသည့်
သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကိုင်ရင်း လှေကားထစ်ပေါင်းများစွာကိုပြေးတက်လာသဖြင့် အခန့်မသင့်ဖြစ်ကာ ခလုတ်တိုက်သွားသည်။ လှေကားထစ်များနှင့်သူ့မျက်နှာမရိုက်မိခင် ခါးကိုဖက်တွယ်လာသည့်သန်မာသောလက်တစ်စုံကြောင့် သူသက်ပြင်းချလိုက်သည်။တော်သေးတာပေါ့။နောက်မဆိုသူတော့
သွေးထွက်သံယိုဖြစ်ရတော့မှာ။သူ့ခါးထက်ကျစ်လစ်စွာရောက်ရှိလာတဲ့ လက်မှာလှည့်ကြည့်စရာမလိုအောင် အရှင်ဆိုတာသေချာနေ၍မျက်မှောင်ကုတ်လိုက်မိသည်။
အရှင်က ခြံထဲမှာကျန်ခဲ့တာသေချာ
သည်လေ။သူ့အနောက်လိုက်လာသံ
လည်းမကြားမိပေဘူး။ အခုဘယ်လို
များ ရောက်လာသည်လဲ။"အမလေး!"
ဒူးအောက်မှလက်လျှိုကာပွေ့ချီလိုက်
ပြန်တဲ့ အရှင်ကြောင့် အတွေးများနေတဲ့ ရှောင်းကျန့် မှာ လန့်သွားသည်။
အရှင့်ရဲ့လည်တိုင် ကိုကုတ်ဖက်လိုက်
မိတာကြောင့် အရှင်ကသူ့ကို မျက်စံ
များသာ အောက်သို့လှိမ့်ကာကြည့်
လာသည်။ အရှင်နဲ့အကြည့်ချင်းမဆုံ
ရဲသေးတာကြောင့် လည်တိုင်ကိုဖက်
ထားသည့်လက်တစ်ဖက်ကို ရုတ်ကာ
သူ့မျက်နှာလေးကို မလုံမတလုံနှင့်
ဖိအုပ်လိုက်သည်။"ငတုံး"
အရှင့်၏အသံတိုးတိုးကြောင့်သူပြန်
ရန်တွေ့ပစ်လိုက်ချင်ပေမယ့် အမှန်
တကယ်ရှက်ရွံနေသဖြင့် အောက်နှုတ်
ကိုသာဖိကိုက်မိ၏။"ဟင်း"
သက်ပြင်းချသံကြောင့်အုပ်ကွယ်ထား
တဲ့ လက်ချောင်းလေးတွေကိုအသာ
ဟကာ ချောင်းကြည့်လိုက်တော့
အရှင်က မျက်လုံးများကိုစုံပိတ်ထား
ပြီး တလှမ်းချင်းခပ်ဖြေးဖြေးလျှောက်
လှမ်းနေသည်။ မျက်လုံးကြီးပိတ်ထား
ပြီးလျှောက်နေမှာတော့ နှစ်ယောက်လုံး
မှောက်လှဲကုန်တော့မှာပေါ့။
أنت تقرأ
TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
غموض / إثارة(U) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။ . . (Z) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။