ရှောင်းကျန့်တစ်ယောက်အခန်းထဲရှိပြတင်းပေါက်တံခါးကို အသေအလဲကြိုးစားဖွင့်နေတာ ထွန်းညှိထားတဲ့ ဖယောင်းတိုင်မီးပင် ကုန်လုလုဖြစ်နေ
လေပြီ။သူ့အား ဆူပူလို့ထွက်သွားတဲ့
အရှင်က ထိုပြတင်းပေါက်ကိုဘယ်လိုများ
ပိတ်သွားသည်လဲမသိ သူ့မှာဖွင့်မရတာ
သုံးညပင်ရှိနေခဲ့ပြီ။ထို့အတူအရှင်ရဲ့အရိပ်
လေးတောင် သူ့ဆီကျမလာတာသုံးည
တောင်ရှိလေပြီ။စုန့်စုန့် ဆိုတဲ့ကောင်လေး
က သာသူ့အတွက်နေ့ည ဆန်ပြုတ်တွေချည်းလာလာပို့ပြီး အဖော်လုပ်ပေး၍
သာ ပျင်းရိပြီးမသေသေးတာဖြစ်လိမ့်
မည် ဟု ခပ်ချဉ်ချဉ်တွေးပစ်လိုက်သည်။ ဒီအလုံပိတ်နေတဲ့အခန်းထဲမှာထားမယ်
ဆိုရင်လည်း ပြတင်းပေါက်လေးတော့
ဖွင့်ပေးသင့်တယ် မဟုတ်လား။ကြိုးစားပြီးဖွင့်ရလွန်းလို့ သူ့လက်တွေလည်းအင်မတန်နာကျင်နေပါပြီ။
လာမတွေ့ချင်ရင်နေပေါ့။ပြတင်းပေါက်
ကနေ အရှင့် လှုပ်ရှားပုံလေးတွေကိုမဆို
သူ့မှာချောင်းကြည့်ခွင့်လေးတော့ရှိသင့်
ပါတယ်။"ဟင့် "
မရတော့ဘူး။ရှောင်းကျန့်အရမ်းငိုချင်
လာပြီ။ နာကျင်နေတဲ့ လက်ချောင်းထိပ်လေးတွေကို ရန်မယ်ရှာကာ အီခနဲငိုချ
မိတော့သည်။"နာလိုက်တာ လူကပူလို့သေတော့မယ်"
"ပြတင်းပေါက်ကဖွင့်မရဘူး"
"အင့်...နာတယ်လို့ ပွင့်လေ ပွင့်လို့ "
"မင်းက ဘာလို့ခဏလေးနဲ့ကုန်သွား
တာလဲ""ဟင့်...ငါ...ခဏတိုင်းပြန်ထွန်းနေရတယ်"
သူ့ခံစားချက်တွေကိုဖုန်းကွယ်ဖို့ရာ
စားပွဲပေါ်က ဖယောင်းတိုင်းလေးက
လည်း ရန်မယ်ရှာခြင်း ခံရတာပါပဲ။အစွမ်းကုန်အလင်းပေးခဲ့ပြီးအခုတော့
ပျော်ကျလို့ရေးရေးလေးသာ ထွန်းလင်းတော့သည့် မီးစာလေးကို ဆူအောင့်လို့ မှောင်မဲနေတဲ့အခန်းထဲဝေ့ဝိုက်ကြည့်ကာ အနည်းငယ်ကြောက်စိတ်ဝင်မိပေမယ့်
သူ့မျက်ရည်တွေကိုသူ လက်ခုံဖြင့်သုတ်ဖယ်ပစ်သည်။"အရှင် ရှိနေတဲ့အိမ်ပဲ ငါကဘာကြောက်
စရာရှိလဲ ""ဝုန်း"
DU LIEST GERADE
TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳
Mystery / Thriller(U) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။ . . (Z) အရှင့်ရဲ့သတို့သမီးတွေထဲကတစ်ယောက် ဖြစ်ခွင့်ရရုံနဲ့ကျွန်တော်မျိုးကျေနပ်ပါရဲ့လေ။