Part...42

4.4K 412 35
                                    

ရှောင်းကျန့်တစ်ယောက်အောက်နှုတ်
ခမ်းကို တတိတိကိုက်လျက် အရှင်ရှိ
နေရာအခန်းရှေ့ ခေါက်သို့ခေါက်ပြန်
လျှောက်နေသည်။ သူဘယ်လောက်ပဲ
ခေါ်ခေါ် အရှင်က ထွက်မလာဘဲ သေ
ရည်ကို မပျက်သောက်နေလေသည်။
အရင်အ​​ခြေနေများဆို သူပါဝင်သော
က် ပြီးအရှင့်အပေါ်ဆိုးနွဲ့ပြီး စိတ်ပြေအောင်လုပ်ပေးမိမှာဆိုပေမယ့် အခု
သူ့ဗိုက်ထဲမှာ ကလေးလေးရှိနေ၍
သေရည်​သောက်လို့မဖြစ်တာကြောင့်
အရှင် ထွက်အလာကိုသာ ဘာမှမတက်
နိုင်ဘဲ စောင့်နေရ၏။

စိတ်ညစ်ရင် သေရည်သောက်ပြီး
မူးလာရင်အရာအားလုံးမေ့သွားမှာပါ
ဆိုတဲ့အတွေးက လူသားတွေတွေးတတ်
တဲ့အမူအကျင့်တစ်ခုလေ။ အရှင်ကလူသားတစ်ယောက်လည်း မဟုတ်ပါဘဲ
ဘာကြောင့်များ အခုလို ကလေးဆန်နေ
ရသည်လဲ သူလည်းမတွေးတတ်တော့ပါ။
နှစ်ဦးသားနားလည်မှုလည်း ယူပြီးပြီလေ။
အရှင်က ဘာတွေညစ်ထွေနေရပြန်တာလဲ။ သူတောင် ဘာမှမတွေးတော့ဘူး။
အရှင်နဲ့ အတူဖြတ်သန်းရမယ့် နေ့ရက်
တွေ အကြောင်းကလွဲရင် ဘာဆိုဘာမှ
ဦးနှောက်ထဲရောက်မလာအောင် ကြိုးစားပြီးနေနေတာလေ။ အရှင်ရော လက်ရှိဖြတ်သန်းရမယ့် နေ့ရက်အကြောင်းပဲ
တွေးပြီးနေပေးလို့မရဘူးလား။

"တကယ် စိတ်တိုတယ်"

"သွားမယ်...မနေဘူး"

ခြေထောက်ကိုတစ်ချက်ဆောင့်လိုက်ပြီးဘေးမှာ ကုတ်ကုတ်လေးရပ်နေတဲ့
စုန့်စုန့်ကို လှည့်ကြည့်လိုက်သည်။

"ပြောလိုက်...ရှောင်းကျန့်သွားပြီလို့
အဲ့ဒီမကောင်းတဲ့သေရည်တွေကိုပဲ
ကလေးလေးမွေးခိုင်းလိုက်လို့ ဆိုးသွမ်း
နေတဲ့ အရှင့်ကိုပြောလိုက်"

တကယ်ပါ အရှင်ကသိပ်ဆိုးနေပြီ။
ဘာပဲလုပ်လုပ်သူက ချစ်မြဲချစ်နေမှာ
သိလို့ တဖြေး​ဖြေး အဆိုးအသွမ်းကြီး
ဖြစ်နေပြီ။သောက်လိုက်တဲ့ သေရည်မှာလည်း အကောင်းဆုံးဆိုတဲ့ ဆိုင်ကနေလှည်းနဲ့ကို တိုက်ပေးရ၏။ သူစိတ်ညစ်
ဖို့လည်း ထားပါအုံးလား။

ရှောင်းကျန့်လည်း စိတ်ပေါက်ပေါက်
နှင့် အိမ်ထဲမှထွက်လာရုံနှင့်စိတ်က
ဖြေမရလို့ ခြံထဲကပါ ထွက်လာပြီး
တရွေ့ရွေ့နှင့်လျှောက်လာရာ တော
အုပ်ငယ်လေးဆီသို့ ရောက်လာခဲ့လေပြီ။
လာရာလမ်းတစ်လျှောက် သူခြေလှမ်း
များဟာမတည်ငြိမ် နှေးကွေးလေးလံ
သွားတတ်သလို ဘောက်ဆတ်ဆတ်နှင့်
မြန်သွားတတ်သေး၏။ သူလှည့်ကြည့်
တိုင်း နောက်ပါးမှလိုက်လာခြင်း မတွေ့
ရတဲ့ အရှင့်ကြောင့် စိတ်တွေအစိုးမရ
မတည်မငြိမ်ဖြစ်လာခြင်းကြောင်းပင်
ဖြစ်၏။

TᕼE ᗷᖇIᗪE ❲ 𝖼𝗈𝗆𝗉𝗅𝖾𝗍𝖾 ❳Tahanan ng mga kuwento. Tumuklas ngayon